Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

Monster ရဲ့ SoundStage Speaker အသစ် ၃ ခု




Monster ကုမ္မဏီ ဟာ သူတို့ရဲ့ SoundStage Speaker အသစ်တစ်ခု ကို IFA 2014 ပွဲမှာ စတင်ပြသခဲ့ပါ တယ်။ Monster ရဲ့စတင်ပြသမှုမှာ ရွေးချယ်စရာ ၃ ခု ရှိလာပါတယ်။ သေးငယ်တဲ့အရွယ် S1 ၊ ပုံမှန်အရွယ် S2 နဲ့ ပိုကြီးတဲ့အရွယ် S3 တို့ဖြစ်ပါတယ်။


အရှေ့မျက်နှာစာမှာတော့ ကျော့ရှင်းတဲ့ ပုံစံဖြစ်ပြီး သတ္တုဇာကွက် ပါဝင်သလို ဘောင်ကွက်ရဲ့အရှေ့ မှာတော့ ငြင်သာတဲ့ အကွေးလေးတစ်ခု ကန့်လန့်ဖြတ်ပါဝင်ပါတယ်။ Monster ရဲ့ ပြောကြားချက်အရ ဒီ Speaker တွေဟာ ကျယ်ပြန့်တဲ့ အသံနေရာ တွေကို ထုတ်ပေးနိုင်ပါတယ်။ ဇာကွက်ကို ကန့်လန့်ဖြတ်ထားတဲ့ အဆုံးသတ်နေရာဟာ အမည်းရောင်နဲ့ပါ။

အနောက်ဘက်မှာတော့ ချိတ်ဆက်တဲ့နေရာတွေရှိပါတယ်။ USBကို ဒီစပီကာကို အားသွင်းရာမှာ သုံးနိုင်ပြီး ဒုတိယမြောက် USB ကတော့ဖြစ်နိုင်ချေရှိတဲ့ Firmware တွေ အဆင့်မြှင့်ဖို့အတွက် သုံးနိုင်ပါတယ်။ Digital optical ကတော့ TV နဲ့ သုံးတဲ့အခါ သုံးလို့ရနိုင်ပါတယ်။ ၃.၅ မီလီမီတာ ရှိတဲ့ စတီရီယို အ၀င်ပေါက် မှာတော့ ရုပ်ပိုင်းဆိုင်ရာထည်းသွင်းလိုတဲ့ အခွင့်အရေးတွေ အတွက် အသုံးပြုနိုင်ပါတယ်။

ဒီ Monster စပီကာမှာ Wi-Fi နဲ့ Bluetooth လည်းပါဝင်ပါတယ်။မတူညီတဲ့ အခန်းပုံစံအမျိုးမျိုးမှာ သင့်တော် ပြီး High Resolution နဲ့ အသံထွက် အထောက်အပံ့ပေးထားတယ်လို့ Monster ကပြောထားပါတယ်။

Monster ရဲ့ SoundStage Speaker အသစ်တွေရဲ့ဈေးနှုန်းတွေကတော့ S3 အတွက်ဒေါ်လာ ၄၀၀ ၊ S2 အတွက် ဒေါ်လာ ၃၀၀ နဲ့ S1 အတွက် ဒေါ်လာ ၂၀၀ တို့ပဲဖြစ်ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ