Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး NCCT အဆိုပြုချက် တပ်မတော် ပယ်ချ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ကိုယ်စားပြုတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေ တင်သွင်းတဲ့ "ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး" အချက်ကို တပ်မတော် ခေါင်းဆောင်တွေက ပယ်ချခဲ့တဲ့ အတွက် ဒီနေ့ဆွေးနွေးပွဲကို သတ်မှတ်ချိန် ထက်စောပြီး ရပ်ဆိုင်းလိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုင်နိုင်ဖို့ NCCT ခေါင်းဆောင်တွေနဲ့ အစိုးရဘက်က ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး ၄ ဦး တက်ရောက်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ သဘောထားကွဲလွဲခဲ့တာတွေနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက အခုလို ပြောပါတယ်။

"ဒီနေ့ မပြေလည်လို့ အစောကြီးနားလိုက်တာပါ၊ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကိစ္စနဲ့ သူတို့ဖက်က လုံခြုံရေးဆိုင်ရာ ပူးပေါင်းရေး၊ ကျနော်တို့ဖက်က ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး အဲဒီ့ကိစ္စ နည်းနည်း သဘောမတူညီနိုင်ဘူး၊ အများကြီးတော့ မဟုတ်ပါဘူး၊ တပ်ကိစ္စပါဝင်တာပေါ့ဗျာ၊ တပ်သားသစ် မစုဆောင်းရေး ဆိုတဲ့ သူတို့ဖက်ကချတဲ့သဘောထားမှာ ကျနော်တို့ဖက်က သဘောမတူညီနိုင်ဘူး၊ သူတို့ကတော့ ဒီအတိုင်းပဲ အထက်ကချထားတဲ့မူအရပေါ့ဗျာ၊ ဒါကိုလည်း သူတို့ဆက်ပြီးတော့ထားတာပေါ့"

ဒါ့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပပြီးနောက် ရရှိလာမယ့် သဘောတူညီချက်ကို ပြည်ထောင်စု လွှတ်တော်ထံ တင်ပြမယ့်ပုံစံနဲ့ ပတ်သက်ပြီးလည်း သဘောတူညီမှုမရခဲ့ကြောင်း ဦးနိုင်ဟံသာက ပြောပါတယ်။

"ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံပြီးတဲ့နောက် ရလာတဲ့သဘောတူညီချက်ကို ကျနော်တို့ဖက်က ပုံမှန် အရပေါ့ဗျာ လွှတ်တော်ကို တင်ပြပြီးတော့မှ အသိအမှတ်ပြုတာ၊ အဲ့ဒါကို ရေးသားပုံ၊ ရေးသားနည်းနဲ့ အဓိပ္ပာယ်ဖော်မှုပေါ့ဗျာ အစိုးရဖက်က တင်ပြတာကတော့ ဒါကို လွှတ်တော်ကို တင်ပြရုံပဲပေါ့ဗျာ၊ ဒါအတည်ပြုတဲ့ စာတမ်းကိုမထည့်နဲ့ တကယ်လို့ အတည်ပြုရမယ်ဆိုရင် လွှတ်တော်အနေနဲ့ ဒါကိုပြန်စိစစ်ရမယ်၊ သုံးသပ်ရမယ်၊ အချင်းချင်းညှိနှိုင်းပြီးတော့မှ ဆုံးဖြတ်ရမယ်ဆိုတဲ့ သဘောထားမျိုးပေးတာပေါ့ဗျာ"

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT တို့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် ဆွေးနွေးဖို့ ကျန်နေသေးတဲ့ အချက် ၅ ချက်ကို ဆွေးနွေးနေကြတာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို မနက်ဖြန်မှာ ဆက်လက်ကျင်းပ သွားမယ်လို့ သိရပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ