Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, September 21, 2014

iPhone တွင် လုံခြုံရေးအတွက် မျက်လုံးအားစကင် ဖတ်နိုင်ရန်လုပ်ဆောင်နေခြင်း

Photo: iPhone တွင် လုံခြုံရေးအတွက် မျက်လုံးအားစကင် ဖတ်နိုင်ရန်လုပ်ဆောင်နေခြင်း

Apple ကုမ္ပဏီအနေဖြင့် မကြာသေးမီက iPhone 5S တွင် လက်ဗွေအားဖတ်ရှုခြင်းဖြင့် အဖွင့်အပိတ် ပြုလုပ်နိုင်သောစနစ်တစ်ခုအား ထည့်သွင်းထုတ်လုပ်ခဲ့ပြီး ၄င်းနည်းပညာသည် စမတ်ဖုန်း လုံခြုံရေးပြုလုပ်ရန် အတွက် ဇီဝဗေဒကို အခြေခံထားသော နည်းပညာတစ်ခုဖြစ်လာပါသည်။
သို့သော် စမတ်ဖုန်းအား လုံခြုံမှုပြုလုပ်နိုင်ရန်အတွက် အခြားသောနည်းလမ်းများလည်း ရှိပြီး ယခုအခါတွင် မျက်လုံးအား အသုံးချနိုင်ရန် လုပ်ဆောင်လျက်ရှိပါသည်။

ဇီဝဗေဒနည်းပညာသည် ဒီဂျစ်တယ် လုံခြုံရေးတွင် အရေးပါသော ပညာရပ်တစ်ခုဖြစ်လာသည်ဟု သိပ္ပံပညာရှင်များကြားတွင် ပြောကြားလျက်လည်းရှိပါသည်။
လက်ရှိတွင် လက်ဗွေစနစ်သည် ပြိုင်ဘက်ကင်းသော လုံခြုံရေးစနစ်ဖြစ်သော်လည်း လက်ဗွေကို အတုယူ၍ လုံခြုံရေးချိုးဖောက်နိုင်သည့် အားနည်းချက်များလည်းရှိသည်ကို စဉ်းစားလာမိသည့် အတွက် ယခုကဲ့သို့ မျက်လုံးအား ဖတ်ရှုနိုင်သည့် နည်းပညာအား ထည့်သွင်းနိုင်ရန် လုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။

Samsung အနေဖြင့်လည်း မျက်လုံးအားစကင်ဖတ်ရှုနိုင်သော နည်းပညာအား စမတ်ဖုန်းတွင် ထည့်သွင်းနိုင်ရန် ကြိုးစားလုပ်ဆောင်လျက်ရှိသည်ဟု ကြားသိရပါသည်။
မျက်လုံးအားစကင်ဖတ်ရှုခြင်းနည်းပညာတွင် မျက်လုံးအတွင်းရှိ သွေးကြောမျင်လေးများပေါ် မူတည်ကာ တီထွင်ထားခြင်းဖြစ်ပြီး ၄င်းသွေးကြောအမျင်လေးများသည် လူသားတစ်ဦးနှင့်တစ်ဦး တူညီမှုမရှိသောကြောင့် လူတစ်ဦးချင်းစီအတွက် အကောင်းဆုံးစစ်ဆေးနိုင်သည့် အမှတ်အသားပင်ဖြစ်သည်ဟု သိရပါသည်။

ယခုကဲ့သို့ မျက်လုံးစကင်ဖတ်ရှုခြင်းနည်းပညာသည် ဖုန်းများလုံခြုံရေးအတွက် အလွန်အကျိုးရှိသော နည်းပညာတစ်ခုဖြစ်ပြီး လက်ရှိတွင် ဖုန်းများအတွက် နမူနာစမ်းသပ်ရန် အင်တာနက်တွင် အခမဲ့ပေးထားကြောင်းသိရှိရပါသည်။

Ref:
http://thetechjournal.com/tech-news/eyeverify-to-provide-security-via-eye.xhtml

ပြန်ဆိုသူ - worldwide
TechSpace Journal

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ