Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 26, 2014

PNO ပြည်သူ့စစ်ပစ်ခတ်မှုကြောင့် မိုင်းပွန်ကျေးလက်ရွာသားနှစ်ဦး ဒဏ်ရာပြင်းထန်ရ

စက်တင်ဘာ ၂၆ ရက် ၂၀၁၄

သျှမ်းပြည် တောင်ပိုင်း လွယ်လင်ခရိုင် အတွင်း ကျေးလက်ရွာသား နှစ်ဦးအား ဒေသ အတွင်း လှုပ်ရှားသည့် PNO ပြည်သူ့စစ် က ပစ်ခတ်သောကြောင့် ဒဏ်ရာ အပြင်း အထန်ရ ရှိကာ လွယ်လင် ဆေးရုံသို့ ယနေ့ ပို့ဆောင်ကုသ ရသည်ဟု ဆိုသည်။

၂၀၁၄ စက်တင်ဘာ ၂၅ ညနေ ၆.၃၀ နာရီအချိန် မိုင်းပွန်မြို့ အရှေ့ဘက် လုံတွေကျေးလက်ရွာသား စိုင်းဆန်ဖု ၂၀ နှစ်၊ စိုင်းဆန်ဖေ ၂၆ နှစ် နှစ်ဦးအား ဗိုလ်မှူးကျော်ရွှေ (PNO ခွဲ - ၂ ) ဦးဆောင်သည့် အင်အား ၂၀ ရှိ PNO ပြည်သူ့စစ်တပ်ဖွဲ့က ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် စိုင်းဆန်ဖုတွင် မျက်လုံး၊ ဝမ်းဗိုက်၊ ခြေထောက်၊ လက်တို့တွင် ဒဏ်ရာရရှိ ကြောင်း၊ စိုင်းဆန်ဖေလည်း ခြေထောက် ကိုယ်တွင် ဒဏ်ရာအပြင်းအထန် ရရှိကြောင်း ယနေ့နံနက်မိုင်းပွန်ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့သော်လည်း တာဝန်ကျဆရာဝန် မရှိသောကြောင့် လွယ်လင် ပြည်သူ့ ဆေးရုံသို့ပို့ဆောင်ကုသရကြောင်း အသိုင်းအဝိုင်းတဦးကပြောသည်။

“ဘယ်တယောက်လဲတော့မသိဘူး၊ မျက်လုံးပွင့်ထွက်နေတယ်။ ခြေရိုး၊ လက်ရိုး ကျိုးထွက် ထိုးထွက် လာတာတောင် တွေ့ ရတယ်။ ဒီမနက် ၂ နာရီလောက် မိုင်းပွန်ရောက်တယ်။ ဆရာဝန်မရှိလို့ မနက် ၅ နာရီတုန်းက လွယ်လင်ကို ပြန်လာ လိုက်တာ” - ဟု အမည်မဖေါ်လိုသူတဦးကပြောသည်။

အခင်းဖြစ်ပွားရာနေရာတွင် ပီအဲန်အို (ပအိုဝ်း) ပြည်သူ့စစ်တပ်ဖွဲ့က သျှမ်းသူပုန်သတင်း လိုက်လံ မေးမြန်းကြောင်း၊ ထိုချိန် နမ့်မို ရွာနှင့် လုံတွေရွာကြား ခြံလုပ်ငန်းလုပ်ဆောင်နေသည့် လုံတွေ ရွာသား နှစ်ဦးကို RCSS/SSA တပ်ဖွဲ့ဟုဆိုကာ ၎င်းတို့ နှစ်ဦးအား လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဒေသသည် လက်နက်ကိုင်တပ်ဖွဲ့များ စီးပွားရေးအရလုပ်ငန်းပြိုင်ဆိုင်မှုများ ရှိနေသည်ဟုလည်း နီးစပ်သည့် ပုဂ္ဂိုလ် များကပြောသည်။

“အခုသူတို့က သျှမ်းသူပုန်အကြောင်းလိုက်မေးတယ်။ သူတို့နှစ်ဦးက ခြံလုပ်ပြီး ရွာအပြန်လမ်းမှာ သူတို့နဲ့တိုးတာ။ မပြေးနဲ့ ပြောတော့ ပိုကြောက်တာပေါ့။ သူတို့နှစ်ယောက်က ပြေးဖို့လုပ်တော့ တခါတည်းပစ်တော့တာဘဲတဲ့၊ ဒီစစ်ကြောင်းက တပ်မတော် စစ်ကြောင်းနဲ့လဲ မကြာခဏ ပူးတွဲ လှုပ်ရှားတယ်လို့ကြားတယ်” - ဟု နီးစပ်သည့် မိုင်းပွန်သား ခွန်ယွက် က ပြောသည်။

တောင်ကြီးခရိုင်အတွင်းရှိ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ် နှင့် ပင်လောင်းမြို့နယ် သုံးမြို့နယ်အား စုစည်းပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် နေပြည်တော်အစိုးရက သတ်မှတ်ပေးထားသည်။ မိုင်းပွန်မှာမူ လွယ်လင်ခရိုင်အတွင်း ပါရှိသောဒေသဖြစ်သည်။


PNO ပြည်သူ့စစ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ