အသက် ၇၈ နှစ်ရှိပြီ ဖြစ်တဲ့ Sepp Blatter ဟာ ၁၉၉၈ ခုနှစ်ကတည်းက ဖီဖာ ဥက္ကဌ အဖြစ် ရွေးကောက် ခံခဲ့ရတာဖြစ်ပြီး နောက်တစ်ကြိမ် အရွေးခံရမယ်ဆိုရင် ငါးကြိမ်မြောက် ဆက်တိုက် ဖီဖာ ဥက္ကဌ အဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ဖီဖာရဲ့ လက်အောက်မှာ အာရှဘောလုံးအဖွဲ့ချုပ် အစရှိသဖြင့် ၆ ဖွဲ့ ရှိတဲ့အထဲက ငါးဖွဲ့ကတော့ Sepp Blatter ရဲ့ ဆုံး ဖြတ် ချက် ကို ထောက်ခံကြောင်း ပြောဆို နေပါတယ်။
ဥရောပ ဘောလုံးအဖွဲ့ချုပ်ကတော့ Sepp Blatter ပြန်လည်အရွေးခံမယ့်အပေါ် ပြောင်ပြောင်တင်းတင်း လူသိရှင်ကြား ကန့်ကွက်မှု လုပ်နေပါတယ်။
Sepp Blatter ကတော့ သူ့အနေနဲ့ ပြန်လည်အရွေးခံရမယ်ဆိုရင် ဘောလုံးဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဘောလုံးနည်းပြတွေ ပြန်လည်စိန်ခေါ် အငြင်းပွားနိုင်အောင် လုပ်ဆောင်ပေးမယ်လို့ ပြောဆိုထားပါတယ်။
![]() |
ဖီဖာဥက္ကဌ Sepp Blatter (Credit: AFP) |
No comments:
Post a Comment