Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

စင်​ကာပူဝန်​ကြီးချုပ်​websiteကို Anonymous Hacker များတိုက်​ခိုက်


နိုင်​ငံတကာတွင်​ရှိ​သော နာမည်​​ကျော်​ဟက်​ ကာများစွာစုစည်းထားသည့်​ ကမ္ဘာ့သြဇာ အကြီးမားဆုံး Anonymous မှဟက်​ကာအ ချို့သည်​ စင်​ကာပူဝန်​ကြီးချုပ်​ လီရှန်​လွန်း၏ တရားဝင်​ website ကိုတိုက်​ခိုက်​လိုက်​ ​ကြောင်းသိရသည်​။Anonymous အ ဖွဲ့သည်​ ပြီးခဲ့သည့်​ ရက်​ပိုင်းအတွင်းကလည်း စင်​ကာပူနိုင်​ငံ၏ နာမည်​​ကျော်​သတင်းမီဒီ ယာ website ဖြစ်​သည့်​ စထရိတ်​တိုင်းမ်​ အား အွန်​လိုင်းတိုက်​ခိုက်​မှုများပြုလုပ်​ခဲ့ပြီး ယခုအခါဝန်​ကြီးချုပ်​ဘက်​သို့ လှည့်​လာခဲ့ ခြင်းလည်းဖြစ်​သည်​။စထရိတ်​တိုင်းမ်​website အတိုက်​ခံရသည့်​​အ​ကြောင်းရင်းကို​လေ့ လာရာတွင်​ အစိုးရ website များသို့အွန်​ လိုင်းတိုက်​ခိုက်​မှုများပြုလုပ်​လာနိုင်​သည့်​ အန္တရာယ်​ကို ထင်​ဟပ်​ပြခဲ့​သော ဗီဒီယိုဖိုင်​ တခုလွှင့်​တင်​​ပေးခဲ့ခြင်းဖြစ်​ပြီး ယင်းဗီဒီယိုနှင့်​ ပတ်​သက်​၍ လီရှန်​လွန်းက မှတ်​ချက်​​ပြော ကြားခဲ့ခြင်း​ကြောင့်​ ယခုကဲ့သို့တိုက်​ခိုက်​ခံ လိုက်​ရခြင်းလည်းဖြစ်​သည်​။ပြီးခဲ့သည့်​ကြာ သာပ​တေး​နေ့က ယင်းwebsite အတိုက်​ ခိုက်​ခံခဲ့ရခြင်းဖြစ်​ပြီး website ​ပေါ်ရှိအချက်​ အလက်​များအားလည်း​ပြောင်းလဲမှများဖြစ်​ ​ပေါ်​စေခဲ့သည်​။Anonymous အဖွဲ့ကယင်း website ​ပေါ်တွင်​ ၎င်းတို့၏မျက်​နှာဖုံးပုံစံကို တင်​​ပေးခဲ့ပြီး "ဒီ​နေ့စင်​ကာပူနိုင်​ငံသားဖြစ်​ရ တာ အ​ကောင်းဆုံးပါပဲ"ဟူ​သောစာသားကို ၀န်​ကြီးချုပ်​ website ​ပေါ်တွင်​ ​ရေးသားခဲ့ သည်​။စထရိတ်​တိုင်းမ်​ website တိုက်​ခိုက်​ ခံရခြင်းနှင့်​ပတ်​သက်​ပြီးAnonymous ဟက်​ကာအဖွဲ့သည်​ ပြီးခဲသည့်​ရက်​သတ္တ ပတ်​အတွင်း သြစ​​တြေးလျစီးပွား​ရေးwebsiteများနှင့်​ဖိ လစ်​ပိုင်​အစိုးရ website များအပါအ၀င်​ website ဆယ်​ခု​ကျော်​အားတိုက်​ခိုက်​ခဲ့ ​ကြောင်းလည်းသိရသည်​။































Anonymous
အဖွဲ့​​အ​ပေါ် လီရှန်​လွန်းက စိန်​​ခေါ်သည့်​စ
ကားဖြင့်​မှတ်​ချက်​ပြုခဲ့ခြင်း​ကြောင့်​ ယခုကဲ့
သို့ ၎င်းwebsite ကို တိုက်​ခိုက်​လိုက်​ခြင်း
လည်းဖြစ်​သည်​။





No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ