Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 2, 2014

Windows 9 ကို စက်တင်ဘာ ၃၀ ရက်တွင် မိတ်ဆက်ရန် စီစဉ်ထားဟုဆို


Microsoft ၏ နာမည်ကျော် operating system ဖြစ်သော Windows ဗားရှင်းသစ်ကို စက်တင်ဘာလကုန်ပိုင်းတွင် မိတ်ဆက်ပြသရန် စီစဉ်ထားကြောင်း The Verge မှ ဖော်ပြ
ခဲ့သည်။ အဆိုပါ သတင်းဌာန၏ ဖော်ပြချက်အရ Microsoft သည် စက်တင်ဘာလ ၃၀ 
ရက်တွင် Windows 9 ကို မိတ်ဆက်ပြသရန် အတွက် အထူးသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
ရန် စီစဉ်လျက်ရှိကြောင်း၊ သို့သော်လည်း အဆိုပါ နေ့စွဲမှာ မသေချာသေးကြောင်း သိရသည်။

 
ထို့အပြင် Windows ဗားရှင်းသစ်၏ အမည်ကို Windows 9 ဟု ခေါ်ဆိုခြင်း ရှိ၊ မရှိ အသေ
အချာ မသိရသေးကြောင်း၊ လက်ရှိတွင် ၎င်း operating system code အမည်ကို 
 Windows Threshold ဟုခေါ်ဆိုထားကြောင်း The Verge မှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က CNET ၏ အဖွဲ့ဝင်ဆိုက်ဖြစ်သော ZDNet ဆိုက်က Microsoft  
Threshold အတွက် technology preview တစ်ခုကို ပြသရန် စီစဉ်နေကြောင်း ဖော်ပြခဲ့သည်။ 
ထို့အပြင် သုံးစွဲသူများသည် အဆိုပါ operating system ကို စမ်းသပ် သုံးစွဲနိုင်ဖွယ်ရှိကြောင်း၊ သို့သော်လည်း software update များကို လစဉ် download ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းတင်ဆက်သူ မေရီဂျိုဖိုလေက ရေးသား ဖော်ပြခဲ့သည်။

The Verge ၏ ရင်းမြစ်များ အဆိုအရ စက်တင်ဘာလ ၃၀ ရက်တွင် Microsoft သည် အဆင့်မြှင့်
တင်မှုများနှင့် feature သစ်များကို မိတ်ဆက်ပြသဖွယ်ရှိကြောင်းနှင့် operating system beta 
preview ကို ၎င်းပွဲ နောက်ပိုင်းမှသာ ဖြန့်ချိဖွယ်ရှိကြောင်း သိရသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ