Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 16, 2014

Bi မွန်းတည့်နေဂျာနယ်မှ သတင်းသမား ၅ဦး ထောင်ဒဏ် ၂နှစ်စီ ချမှတ်ခံရ

Bi မွန်းတည့်နေဂျာနယ်မှ တရားစွဲခံထားရသော သတင်းသမား ၅ဦးအား ယနေ့(အောက်တိုဘာ ၁၆ရက်) နံနက်ပိုင်းတွင် ပန်းပဲတန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၂နှစ်စီ ချမှတ်ခဲ့သည်။

ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ ၅ဦးမှာ ဦးကျော်မင်းခိုင်(ထုတ်ဝေသူ)၊ ဦးယဉ်မင်းထွန်း(ထုတ်ဝေသူ)၊ ကျော်ဇောဟိန်း(ခ)မင်းဝဿန်(သတင်းထောက်)၊ ဦးဝင်းတင်(အမှုဆောင်အယ်ဒီတာ)၊ ဦးသူရအောင်(တာဝန်ခံအယ်ဒီတာ) တို့ဖြစ်သည်။

“များတယ်ဗျာ၊ အရမ်းများလွန်တယ်၊ ကျနော်တို့ နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး၊ အများပြည်သူအတွက် သတင်းရေးသားဖော်ပြနေတဲ့ မီဒီယာသမားတွေကို အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်ချမှတ်ခံရတဲ့အတွက် မတရားဘူးလို့ ယူဆတယ်၊ အဲဒီအတွက် အယူခံဝင်သွားမယ်”ဟု ပြစ်ဒဏ်ချမှတ်ခံရသူတဦးဖြစ်သည် သတင်းထောက် ကိုမင်းဝဿန် က ပြောသည်။

ယင်းတို့ ၅ ဦးအား “ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MCDF ထုတ်ပြန်”ဆိုသော သတင်းရေးသားမှုကြောင့် ဇူလိုင်လ ၁၁ရက်နေ့က ဖမ်းဆီးခဲ့၍ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အမိန့်ချမှတ်ခံရပြီးနောက် ပြည်တွင်းသတင်းဌာနမှ သတင်းသမား ၃ဦးက “မီဒီယာဖိနှိပ်မှုရပ်”ဟု ရေးသားထားသော စာရွက်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ