Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 16, 2014

အများပိုင် လမ်းမကြီးပေါ်တွင် ကိုယ်ပိုင်ကားပါကင်ကွင်း ပြုလုပ်ထားသဖြင့် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပေ

မုံရွာ ၊ ၁၆-၁၀-၂၀၁၄

မကြာခဏ ယာဉ်တိုက်မှုများ ဖြစ်ပွားလေ့ ရှိသည့် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ဒေါနခြံ ရပ်ကွက် သာစည်လမ်း မီးပွိုင့်၏ မြောက်ဘက် ရွှေတော်ဝင် ပုဂ္ဂလိက ဆေးရုံအနီး ဝန်းကျင် အများပိုင် ပြည်ထောင်စု အဝေးပြေး လမ်းမကြီး၏ လမ်းနယ် နိမိတ်ကို ကျူးကျော်၍ ကိုယ်ပိုင် ကားပါကင်များ ပြုလုပ် ထားသဖြင့် ယာဉ် အသုံးပြု၍ ခရီးသွား သူများအား စိတ် အနှောင့်အယှက် များ ဖြစ်ပေါ် နေရသည်ဟု သိရသည်။

အဆိုပါ ကိုယ်ပိုင် ကားပါကင်ကွင်း ပြုလုပ် ထားသည့် နေရာသည် မုံရွာမြို့၏ အဓိက ယာဉ် အသွားအလာ များပြားသော ပြည်ထောင်စု လမ်းမကြီး ပေါ်တွင် ဖြစ်သည်။ ထိုနေရာသည် ရွှေတော်ဝင် ပုဂ္ဂလိက ဆေးရုံနှင့် မီးရထား သံလမ်းအကြား နေရာ ဖြစ်သည်။ ထိုနေရာရှိ အခြေအနေ မှာ ပြည်ထောင်စုလမ်း နှင့် ရထားလမ်း အကြားနေရာ တွင် လမ်းနယ်မြေ ကျူးကျော် ဈေးဆိုင်များ ရှိသည်။ တစ်ဖက် ယာဉ်ကြော နေရာ ဈေးဆိုင်များ နှင့် မျက်နှာချင်းဆိုင် နေရာတွင် လမ်းပြောင်းပြန် များ ရပ်တန့် ထားသည့် ကိုယ်ပိုင်ကား ပါကင်ကွင်း တစ်ခု ပြုလုပ် ထားခြင်း ဖြစ်သည်။

ထို့ကြောင့် ယာဉ် အသုံးပြု၍ ခရီးသွားလာ သူများအဖို့ အဆိုပါ နေရာသို့ ရောက်လျှင်အထူး သတိပြု သွားလာ နေကြရသည်။ အဆိုပါ ပြည်ထောင်စု လမ်းမကြီး ၏ လမ်းနယ်မြေ ဧရိယာ အကျယ်အဝန်း မှာ ယာဉ် အသုံးပြုသူများ အဖို့ လမ်းကြောင်း အကျယ်အဝန်း လုံလောက်မှု ရှိသော်လည်း လမ်းနယ်မြေ ကျူးကျော် ဈေးဆိုင်များ နှင့် ကိုယ်ပိုင် ကားပါကင်ကွင်း များကြောင့် မကြာခဏ ယာဉ်များ ရှုပ်ထွေးကာ ယာဉ်တိုက်မှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်။

တစ်နေ့တခြား ယာဉ် အသုံးပြုသူ များပြားလာသည့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်၍ စက်တင်ဘာ ၃ဝ ရက်အထိ ကိုးလတာ ကာလအတွင်း ယာဉ်တိုက်မှု ပေါင်း ၁ဝ၅ဝ၊ ဒဏ်ရာ ရရှိသူ ၁၉၈၇ ဦးနှင့် သေဆုံးသူ ဦးရေ ၂၉ဝ ရှိခဲ့ကြောင်း အမှတ်(၁၄) ယာဉ်ထိန်းတပ်ဖွဲ့ မုံရွာ ဒုတိယ တပ်ဖွဲ့ခွဲမှူးရုံး ၏ မှတ်တမ်းများ အရ သိရသည်။ (၁၅၄)





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ