Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 28, 2014

ငွေကြေးမလုံလောက်၍ စည်ပင်မှ စစ်တွေတွင်အမှိုက်များ ပုံမှန်မသိမ်းနိုင်

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် အမိုက်များကို စည်ပင်မှ နေ့စဉ် မသိမ်းနိုင်ဘဲ ဖြစ်နေခြင်းမှာ ငွေကြေး ဘတ်ဂျက် အလုံအလောက် မရရှိ၍ ဖြစ်ကြောင်း စည်ပင်၏ ပြည်နယ်အဆင့် အရာရှိတစ်ဦးက ပြောကြားသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ရခိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၏ ပြည်ပခရီးစဉ်နှင့် ပတ်သက်ပြီး စစ်တွေတွင် ပြုလုပ်သော ရှင်းလင်းပွဲတွင် အမိုက်များ နေ့စဉ် မသိမ်းနိုင်သဖြင့် နေရာအချို့တွင် ညစ်ပတ်နေပြီး မြို့အင်္ဂါနှင့် မညီဖြစ်နေကြောင်းကို စစ်တွေမြို့ခံများက မေးမြန်းရာ  ယင်းအရာရှိ အထက်ပါအတိုင်း ဖြေကြားသွားခဲ့သည်။

ယင်းနေ့ အခမ်းအနားအစီအစဉ်တွင် ရခိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းမှ သူ၏ (၄) နိုင်ငံခရီးစဉ်အပြင် စစ်တွေမြို့ စည်ပင်သာယာရေး စီမံဆောင်ရွက်နေမှု အခြေအနေကိုလည်း ထည့်သွင်းပြောကြားခဲ့ရာ စစ်တွေဒေသခံ တစ်ဦးက ယခုလို မေးမြန်းသည်။

“ အခုကျနော် စစ်တွေမှာနေပါတယ်။ အမှိုက်သိမ်းကား တပတ်မှာမှ တစ်ခါလောက်လာပါတယ်။ အမှိုက်တွေက ပုပ်နံ့ ရတော့ လူတွေ မနေနိုင်ဘူး။ နိုင်ငံတော်အစိုးရအနေနဲ့ အဲဒီကိစ္စကို စီမံဆောင်ရွက်နိုင်အောင် စီမံကိန်းရေးဆွဲထားမှု ရှိမရှိသိလိုပါတယ်” ဟု ဆိုကာ မေးမြန်းခဲ့သည်။

ယင်းပြင်သူက အမှိုက်ကိစ္စသည်အသေးအမွှားကိစ္စဟု ထင်ရသော်လည်း မြို့စည်ပင်လှပရေးနှင့် ကျန်းမာရေး အတွက် အရေးကြီးကြောင်း သူက ဆက်ပြောကြားသည်။

စည်ပင်၏ ပြည်နယ်အဆင့် အရာရှိက ယခုကဲ့သို့ ဖြစ်နေခြင်းမှာ ဘတ်ဂျက် အလုံအလောက် မရှိ၍ ဖြစ်ကြောင်း၊ သူတို့အနေဖြင့် ငွေကြေး အလုံအလောက် ရရှိပါက ဆောင်ရွက်ပေးနိုင်ကြောင်း ပြောကြားသည်။

နောက်မြို့ခံ တစ်ဦးကလည်း စည်ပင်အပြင် ပြည်သူများကလည်း မိမိတို့၏ အသိစိတ်ဓါတ်ဖြင့် စည်းကမ်း စနစ်တကျ  အမိုက်များကို ပစ်ရန်လိုအပ်ကြောင်း၊ စစ်တွေ တက္ကသိုလ်လို နေရာမျိုးတွင်ပင် အမိုက်များကို ရသလို ပစ်ထား၍ သန့်ရှင်းမူ မရှိဘဲဖြစ်နေကြောင်း ပြောဆိုသည်။

“ အောက်တိုဘာလ ၁၈ ရက်နေ့ စစ်တွေတက္ကသိုလ် ပညာရေး ဆွေးနွေးပွဲကိုသွားတော့ သန့်စင်ခန်းထဲက မျက်နှာသစ် စလုံထဲမှာ ကွမ်းတံတွေးတွေ အမှိုက်တွေနဲ့ ပြည့်နေတော့ မျက်နှာသစ်ဖို့ကိုထား လက်တောင် မဆေးချင်ဘူး”ဟု ဆိုသည်။

စစ်တွေမြို့ အမှိုက်ပြဿနာ ဖြေရှင်းရန်အတွက် (၁) အမှိုက်သိမ်းကားကို နှစ်ဆ (သို့မဟုတ်) သုံးဆ တိုးမြှင့် အသုံးပြုရန်၊ (၂) လမ်းဘေး၌ အမှိုက်ပုံးများထားရှိရန် (၃) ထွက်ရှိလာသောအမှိုက်များကို မည်ကဲ့သို့ စီမံမည်ဆိုသည်ကို စီမံကိန်း ရေးဆွဲထားရန် လိုအပ်ကြောင်း ဒေသခံများက ထောက်ပြဝေဖန် အကြံပြုသွားခဲ့သည်။




စစ်တွေမြို့တွင်ယခုကဲ့သို့ အမိုက်များ စည်းမဲ့ကမ်းမဲ့ပစ်ထားမူကြောင့် တိုင်းနှင့်ပြည်နယ် ၁၄ ခု မြို့တော်ထဲတွင် အညစ်ပတ်ဆုံးဖြစ်သည်ဟု သိရသည်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ