Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 11, 2014

အမေရိကန်နိုင်ငံသားများ အတွက် အကြမ်းဖက် အန္တရာယ် နိုင်ငံခြားရေး ဌာန တိုးမြှင့်

ပြည်ပရောက် အမေရိကန် နိုင်ငံသားတွေ အတွက် ကမ္ဘာလုံးဆိုင်ရာ သတိပေးချက်ကို အမေရိကန် နိုင်ငံခြားရေးဌာနက ထပ်ပြီး တိုးမြှင့်လိုက် ပါတယ်။ အမေရိကန် နိုင်ငံသားတွေနဲ့ အကျိုး စီးပွားတွေ အပေါ် အကြမ်းဖက် ၀ါဒီတွေ တိုက်ခိုက်နိုင်ခြေ၊ ဆန္ဒပြ ပွဲတွေနဲ့ တခြား အကြမ်းဖက်လုပ်ရပ်တွေ ရဲ့ ခြိမ်းခြောက်မှုတွေ ဆက်ရှိနေသေးတဲ့အပေါ် စိုးရိမ်ရဆဲ ဖြစ်တယ်လို့ဆိုပြီး အဲဒီလို တိုးမြှင့်လိုက် တာပါ။

IS စစ်သွေးကြွတွေအပေါ် အမေရိကန်ဦးဆောင် တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို လက်တုန့်ပြန် တိုက်ခိုက်လာနိုင်ခြေဟာ တိုးလာတယ် လို့ တာဝန်ရှိသူတွေအနေနဲ့ ယုံကြည်တဲ့အကြောင်း နိုင်ငံခြားရေး ဌာနက သောကြာနေ့မှာ ပြောတာပါ။ အထူးသဖြင့် တော့ အရှေ့အလယ် ပိုင်း၊ မြောက်အာဖရိက၊ ဥရောပနဲ့ အာရှဒေသတွေမှာဖြစ်ပါတယ်။ အမေရိကန်၊ အနောက်နိုင်ငံတွေနဲ့ မဟာမိတ် အကျိုးစီးပွားတွေဟာ အန္တရာယ်ရှိနေတယ်ဆိုပြီး သောကြာနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အားလပ်ရက်ကာလတွေအပါအ၀င် အမေရိကန်နိုင်ငံသားအများအပြား စုဝေးတတ်တဲ့ အားကစားပွဲတွေ၊ ဟော်တယ်တွေ၊ ကလပ်ဘ်တွေ၊ စားသောက်ဆိုင်တွေ၊ ကုန်တိုက်ကြီးတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့ တခြားနေရာတွေကို အစွန်း ရောက်ဝါဒီတွေက ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တယ်လို့ နိုင်ငံခြားရေးဌာနက သတိပေးထားပါတယ်။

မြေအောက် သယ်ယူပို့ဆောင်ရေးစနစ်တွေနဲ့ လေကြောင်းခရီးသွားလို အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွေကို အကြမ်းဖက် တိုက်ခိုက်နိုင်ခြေအပေါ်ကိုလည်း နိုင်ငံခြားရေးဌာနက ထပ်ပြီး သတိပေးထားပါတယ်။


ဆီးရီးယားနိုင်ငံ၊ Kobani မြို့ကို အမေရိကန် ဦးဆောင်သည့် လေကြောင်း တိုက်ခိုက်မှု တခုအပြီး တွေ့ရသည့် မီးခိုးလုံးများ။ အောက်တိုဘာ ၁၀၊ ၂၀၁၄။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ