Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 11, 2014

နောင်ငါးနှစ်အတွင်း ဖွံ့ဖြိုးမှုနှုန်း တနှစ် ၇% မြန်မာ ခန့်မှန်းထား

မြန်မာ ဘဏ္ဍာရေး ၀န်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုနှုန်းဟာ လာမယ့် ငါးနှစ်အတွင်း ခန့်မှန်းခြေ တနှစ်ကို ၇% ရှိမယ်လို့ ပြောလိုက် ပါတယ်။ အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီ မြို့တော် မှာ အောက်တိုဘာလ ၁၀ ရက်နေ့ ကနေ ၁၂ ရက်နေ့အထိ ကျင်းပနေတဲ့ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF တို့ရဲ့ ၂၀၁၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးဖွင့်ပွဲ နေ့မှာ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက အဲဒီလိုပြောတာပါ။

၂၀၁၂ ခုနှစ်မှာ ဖွံ့ဖြိုးမှုနှုန်း ၇.၃% ရှိပြီး ၂၀၁၃ ခုနှစ်မှာတော့ အနည်းငယ် တိုးတက်ပြီးတော့ ၇.၅% ရှိတယ်လို့ ၀န်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။  ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာလည်း အဲဒီထက် ပိုတိုးတက်ပြီး ၇.၈% အထိ ရှိမယ်လို့ ခန့်မှန်းထားကြောင်းလည်း သူက ပြောပါတယ်။

ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြင့်လာရတဲ့ အခုလို အဓိကအကြောင်းတွေကတော့ ရင်းနှီးမြှုပ်နှံမှု တိုးလာတာနဲ့ နိုင်ငံစီးပွားရေးပေါ် ယုံကြည်ကိုးစား မှု ပိုပြီး အားကောင်းလာတွေကြောင့် ဖြစ်တယ်လို့လည်း ဦးဝင်းရှိန်က ဆိုပါတယ်။

၂၀၁၂-၂၀၁၃ ခုနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟာ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံကျော်ရှိပြီး အများစုက လျှပ်စစ်ဓာတ်အား နဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကဏ္ဍတို့မှာ ရင်းနှီး မြှုပ်နှံကြတာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်အတွင်း သဘာဝဓာတ်ငွေ့တင်ပို့မှုဟာ ၂၀၁၂ကထက် ၂၀% အထိတိုးပြီး ၀င်ငွေ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ ရတယ်လို့ ၀န်ကြီးဦးဝင်းရှိန် ကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှုန်းကို ၂၀၁၀ ပြည့်နှစ်မှာရှိတဲ့ ၂၆% ကနေ ၂၀၁၅ ခုနှစ်မှာ ၁၆% အထိ လျှော့ချဖို့ ရည်မှန်းထားတယ်လို့လည်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ လက်ရှိစဉ်းစားနေတဲ့ ကမ္ဘာ့ဘဏ်ရဲ့ မူဝါဒ မူကြမ်းဟာ ဘဏ်ရဲ့စီမံကိန်းတွေကြား သက်ရောက်မှုရှိတဲ့ လူမှုအသိုင်းအဝိုင်း တွေကို အကာအကွယ်ပေးရေး အန္တရာယ်ရှိစေမယ်လို့ သီးခြားလွတ်လပ်တဲ့ The Bank on Human Rights Coalition က သောကြာနေ့မှာပဲ ပြောလိုက်ပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ ဒေသခံလူထု အထူးသဖြင့် အမျိုးသမီးတွေရဲ့ကျွမ်းကျင်မှုကို လက်ခံပြီး အကြံပေးချက်ကို နားထောင်သင့်တယ်လို့ ထိုင်းအခြေစိုက် ကချင်အမျိုးသမီး အသင်းအဖွဲ့များ ကွန်ရက်က မွန်းနေလီကပြောပါတယ်။ ဒါ့အပြင် တိုးတက်မှုလိုချင်လို့ လုပ်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ပုံမှန်ဖြစ်နေတာက မှန်းထားတဲ့ဆီကို မရောက်ပဲ တခြားတနေရာဆီကို အကျိုးတွေက ရောက်ရှိသွားရတယ်။ ကမ္ဘာ့ဘဏ် အနေနဲ့ ပိုပြီး အားကောင်းတဲ့ ကာကွယ်မှုတွေရှိဖို့လိုတယ်လို့လည်း မွန်းနေလီက ဆက်ပြောပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ