Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 5, 2014

တိုက်ခိုက်မှုရပ်တန့်ဖို့ သမ္မတထံ ရှမ်းခေါင်းဆောင်တွေ စာပေးပို့တောင်းဆို

ရှမ်းပြည်နယ်မှာပြန်ဖြစ်လာတဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ အမြန်ဆုံးရပ်ဖို့ ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ တွေရဲ့ ခေါင်းဆောင်တွေက သမ္မတ ဦးသိန်းစိန် ဆီကို မနေ့က စာတစောင်ရေးသားပြီး တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဘန်ကောက်မြို့မှာ ၃ ရက်ကြာ ကျင်းပနေတဲ့ ရှမ်းခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ဒီကိစ္စကို ထည့်သွင်းဆွေးနွေးပြီးတဲ့နောက် အခုလိုတောင်းဆို လိုက်တာလို့ ရှမ်းတိုင်းရင်းသားများ SNLD ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က RFA ကိုပြောပါတယ်။

" သမ္မတကြီး ဦးသိန်းစိန်ဆီ လိပ်မူပြီးတော့ စာပို့ထားပါတယ်၊ ပစ်ခတ် တိုက်ခိုက်မှုတွေ အမြန်ဆုံး ရပ်တန့်ဖို့ တကယ်လို့ ဒီပုံစံအတိုင်းသာ ဆက်ဖြစ်နေ ရင် SSA ကိုယ်တိုင်က ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားပြီးသားဖြစ်တယ်၊ အဲ့ဒါကြောင့်မို့ ငြိမ်းချမ်းရေးစာချုပ် ငြိမ်းချမ်းရေး ကတိကဝတ်ကို ဖောက်ဖျက်ရာကျတယ်ပေါ့၊ အဲ့လိုအနေအထားမျိုးကနေ အမြန်ဆုံးရပ်တန့်ပေးဖို့ဆိုပြီးတော့ သမ္မတကြီး ဦးသိန်းစိန်ဆီကို ကျွန်တော်တို့ စာပို့ထားပါတယ်"

အဲဒီစာကို SSA နာယက ဒုတိယဗိုလ်ချုပ်ကြီး ဆေထင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း၊ RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်၊ ဦးကိုင်ဖတို့  လက်မှတ်ထိုးကြတယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ် ကျေးသီးဒေသမှာ အခြေစိုက်ထားတဲ့ SSPP/SSA တပ်စခန်းတွေ ကို အစိုးရ စစ်တပ်က ထိုးစစ်ဆင်ခဲ့တဲ့အတွက် အပစ်အခပ်ရပ်ထားတဲ့ အခြေအနေကနေ စစ်ပြန်ဖြစ်တဲ့ အခြေအနေကို ရောက်ခဲ့ပါတယ်။

အဲဒီထိုးစစ်ကြောင့် SSPP/SSA ဘက်က တာဖာဆောင်းစခန်းကို မနေ့က ဆုတ်ခွာပေးလိုက်တဲ့နောက်မှာတော့ စစ်တပ်ဘက်က အပစ်ရပ်လိုက်တယ်လို့ သိရပါတယ်။

ဘန်ကောက်မြို့ က ရှမ်းခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲကိုတော့ ဒီနေ့ အဆုံးသတ်ခဲ့ပြီး ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံအရေးတွေကို အားလုံးပူးပေါင်းပြီး လက်တွဲဆောင်ရွက်မယ်ဆိုတဲ့ အချက် ၃ ချက်ပါတဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ