Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 7, 2014

တောင်နဲ့ မြောက်ကိုရီးယား အပြန်အလှန် သတိပေးပစ်ခတ်

မြောက်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံကြား ဆက်ဆံရေး တိုးတက်ဖို့ ရည်ရွယ်တဲ့ အဆင့်မြင့် ဆွေးနွေးပွဲတွေ ကျင်းပဖို့ နှစ်ဘက် သဘောတူခဲ့ကြပြီး ရက်ပိုင်း အတွင်းမှာပဲ မြောက်နဲ့ တောင်ကိုရီးယားရဲ့ စစ်သင်္ဘော တွေ အပြန်အလှန် သတိပေး ပစ်ခတ်ခဲ့ပါတယ်။

အနောက်ဘက် ကမ်းရိုးတန်းအကျော်က မြောက်ပိုင်း ကန့်သတ်မျဉ်း ဆိုတဲ့နေရာကို မြောက်ကိုရီးယား သင်္ဘော ဖြတ်ကျော် ခဲ့တာကြောင့် တောင်ကိုရီးယား ရေတပ်သင်္ဘောက သတိပေး ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး အရာရှိတွေက ပြောပါတယ်။ မြောက်ကိုရီးယား သင်္ဘောက ပြန်မဆုတ်ဘဲ ပြန်လည် ပစ်ခတ်ခဲ့တာပါ။

အင်္ဂါနေ့အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်အတွင်း နှစ်ဘက်စလုံးက တဘက်နဲ့တဘက် ထိအောင် ပစ်ခတ်တာမဟုတ်ဘဲ ထိခိုက်ဒဏ်ရာရမှုသတင်း မကြားရဘူးလို့ နာမည်မပြောချင်တဲ့ အရာရှိက ပြောပါတယ်။ တောင်ကိုရီးယား သင်္ဘောက ၁၀ မိနစ်လောက်အတွင်းမှာ ကျည်အချက် ၉၀ လောက် ပစ်ခတ်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။

မြောက်ကိုရီးယားက ဒီ ပင်လယ်ဝါထဲက အလွတ်သဘော သတ်မှတ်ထားတဲ့ ရေနယ်နမိတ်မျဉ်းကို ဘယ်တော့မှ အသိအမှတ် မပြုတာကြောင့် ဒီလို ထိပ်တိုက် ရင်ဆိုင်မှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။

ဒါပေမဲ့လည်း တောင်ကိုရီးယားနိုင်ငံမှာ စနေနေ့က ပြုလုပ် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို မြောက်ကိုရီးယား ထိပ်တန်း အဆင့်မြင့်အရာရှိတဦး ရုတ်တရက် ရောက်လာခဲ့ပြီးတဲ့နောက်မှာ သဘောတူခဲ့တဲ့ အဆင့်မြင့် ဆွေးနွေးပွဲတွေ မကျင်းပခင်မှာ အခုလိုမျိုး ဖြစ်ရပ်ကြောင့် တင်းမာမှုတွေ မြင့်မားလာရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ