Kurdish တပ်ဖွဲ့တွေက ပြန်လည်ခုခံ တိုက်ခိုက်နေသလို အမေရိကန် ဦး ဆောင် တဲ့ ဝေဟင် တပ်ဖွဲ့ ကလည်း ဝေဟင် တိုက်ခိုက်မှု တိုးချဲ့ လုပ်ဆောင်ပေမယ့် တိုးတက်မှုတွေ များများစားစာ မရှိ သေးပါဘူး။
ကိုဘာနီမြို့တောင်ပိုင်းမှာတော့ IS အဖွဲ့ရဲ့ အလံတွေကို မြင်နေရပါတယ်။
တိုက်ခိုက်မှုတွေကြောင့် Kurdish လူမျိုး ထောင်နဲ့ချီ တူရကီနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ကိုဘာနီမြို့ဟာ IS တပ်ရဲ့ လက်ထဲ ရောက်သွားတော့မယ်လို့ တူရကီ သမ္မတကလည်း ပြောလိုက်ပါတယ်။ အမေရိကန်အနေနဲ့ IS အဖွဲ့ကို ဝေဟင်ကနေသာမက ဘက်ပေါင်းစုံ ထိုးစစ်ဆင်မှုတွေ လုပ်ဖို့လိုကြောင်း တူရကီ သမ္မတ Tayyip Erdogan က ပြောဆိုလိုက်ပေမယ့် ကူညီတိုက်ခိုက်တာမျိုး မလုပ်သေးပါဘူး။
IS အဖွဲ့က သုံးပါတ်ကြာ ဆက်တိုက် ထိုးစစ်ဆင်မှုတွေ လုပ်ပြီးနောက် အောင်မြင်မှု ရဖို့ နီးစပ်လာတာပါ။
![]() |
ကိုဘာနီမြို့ မြင်ကွင်းတစ်ခု |
No comments:
Post a Comment