Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 14, 2014

လူသတ်မူဖြင့် စွပ်စွဲဖမ်းဆီးခံ မြန်မာ လူငယ်နှစ်ဦးအတွက် နယူးယောက်ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြမည်

ထိုင်းနိုင်ငံတွင် လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ရခိုင်တိုင်းရင်းသားနှစ်ဦး အမူမှန် ပေါ်ပေါက်ရေးအတွက် နယူးယောက်မြို့ရှိ ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုသွားမည်ဟု သိရသည်။

၎င်းဆန္ဒပြပွဲအား အောက်တိုဘာလ ၁၇ ရက်နေ့ သောကြာနေ့၊ နေ့လည် ၂ နာရီမှ ၄ နာရီကြားတွင် ပြုလုပ်သွားမည်ဟု ဆန္ဒပြပွဲကို စီစဉ်နေသူ ကိုခိုင်ဘခင်က ပြောသည်။

“ နယူးယောက်မြို့ရှိ Thai Consulate General office ရှေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဓိကတော့ အမူမှန်ပေါ်ပေါက်ရေး အတွက် တောင်းဆိုသွားဖို့ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင် အလုပ်သမား လူငယ် နှစ်ဦးဖြစ်ကြသည့် မောင်ဝင်းဇော်ထွန်း နှင့် မောင်ဇော်လင်းတို့သည် ထိုင်းနိုင်ငံ လိပ်ကျွန်း (ကော့တောင်းကျွန်းတွင်) စက်တင်ဘာလ ၁၅ ရက်နေ့က  ဗြိတိသျှ လူမျိုးနှစ်ဦး ဖြစ်ကြသည့် Hannah Witheridge (၂၃ နှစ်)နှင့် David Miller (၂၅ နှစ်) သတ်ဖြတ်ခံရမူနှင့် စွပ်စွဲ ဖမ်းဆီးခံထားရသည်။

သူတို့(၂) ဦးအား ဖမ်းဆီးထားမူမှာ လုပ်ကြံဖမ်းဆီးမူ ဖြစ်သည်ဟု အများက ယုံကြည်နေပြီး အမူမှန် ပေါ်ပေါက်ရေးအတွက် တောင်းဆိုမူများ ပြင်းပြင်းထန်ထန် ပေါ်ပေါက်နေသည်။

နယူးယောက်မြို့တွင် ဆန္ဒပြမည့် လိပ်စာ အပြည့်အစုံမှာ 351 East 52nd St NY 10022 ဖြစ်ပြီး အမှတ် (၆) ရထားကို စီးပြီး   ၅၁  ဘူတာကဆင်း၊ ၅၂ လမ်းကိုလျှောက်ရန်နှင့် ဆက်သွယ်ရန်မှာ ခိုင်ဘခင် (၃၄၇၄၈၈၁၁၀၀)၊ ကိုတင့်ဝေ (၃၄၇၇၈၅၂၀၆၀)၊ ကိုဟန်ထွန်း (၇၁၆၉၃၀၉၈၉၁) နှင့် ကိုဇော်ဇော်ထွန်း (၆၄၆၂၀၃၃၃၃၈) တို့ ဖြစ်ကြသည်။



No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ