ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 14, 2014

KNU ခေါင်းဆောင်များ ခရီးသွားလျှင် သတိထားရတော့မည်

အောက်တိုဘာ - ၁၃ - ၂၀၁၄

ကရင်အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင်များ ခရီးဝေးသွားမည်ဆိုလျှင် အထူးသတိထား၍ သွားလာရတော့မည်ဟု ကရင်အမျိုးသားများက ပြောဆိုကြသည်။

ယခုလ ၁၁ ရက်နေ့က KNU ဥက္ကဌနှင့်ထိပ်တန်းခေါင်းဆောင်အချို့ သည် ဘားအံတွင်ပြု လုပ်မည့် ဆက်ဆံရေးရုံးအသစ်ဖွင့်ပွဲသို့ မြ၀တီ-ကော့ကရိတ် ကားလမ်းအတိုင်း မော်တော်ယာဉ်များဖြင့် သွားရောက်ခဲ့သည်။

အဆိုပါနေ့လည် ၁၂ နာရီခန့်တွင် ဒေါနတောင်ကျော်ကားလမ်းပေါ်ရှိ အလယ်ဗိုလ်တဲစခန်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ခရီးသွား ၄ ဦးသေဆုံးခဲ့သည်။

KNU ဥက္ကဌနှင့်အဖွဲ့မှာ တစုံတရာအန္တရာယ် ကျရောက်ခြင်းမရှိဘဲ ဘားအံမြို့ သို့ ချောမောစွာရောက်ရှိခဲ့သည်။

ကရင်အမျိုးသားထုအတွင်း အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အထူးစိုးရိမ်ပူပန်မှုဖြစ်မိသည်ဟု သဘောထားပေးကြသည်။

ဘားအံမှစောအယ်ထူးက" အခြေအနေတွေကတော့ရူတ်ထွေးလာပြီး လူကြီးတွေအနေနဲ့ နောက်ကိုခရီးသွားမယ်ဆိုရင် ဘယ်သူ့ကိုမှယုံစားလို့မရတော့ဘူး"ဟုဆိုသည်။

မဲဆောက်မှကရင်လူငယ်တဦးက"အဖိုးမူးတူး အပါအ၀င် KNU ကလူကြီးတွေအားလုံး ပေါ့ဆလို့တော့မရတော့ဘူး ဖြစ်နိုင်ရင်တောလမ်းခရီးတွေကိုရှောင်ပြီးလေယာဉ်ခရီးစဉ်တွေကိုဘဲ အသုံးပြုသင့်တယ်"ဟု ပြောသည်။

အဆိုပါဖြစ်ရပ်သည် KNU ခေါင်းဆောင်များအားလုံးကို သတိပေးတပ်လှန့်လိုက်သည့် အချက်ဖြစ်သည်ဟုလည်း ကရင်အမျိုးသားအချိ့ က ဝေဖန်သုံးသပ်ကြသည်။



ပုံစာ - KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူးတူးစေးဖိုး။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ