Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 29, 2014

ကိုပါကြီး သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ဒေါ်စုစာပို့

မြန်မာစစ်တပ်က ​ထိန်းသိမ်းစဉ်အတွင်း ​သေဆုံးသွားတဲ့ ​အလွတ်သတင်းထောက် ​ကိုပါကြီး ​သေဆုံးရတဲ့အတွက် ​မိသားစုနဲ့ထပ်တူ ​ဝမ်းနည်းမိကြောင်း  ​ဒေါ်အောင်ဆန်းစုကြည်က ​ကျန်ရစ်သူ ​မိသားစုဆီ ​စာတစ်စောင် ​ပေးပို့ခဲ့ပါတယ်။

ကိုပါကြီး ​ခေါ် ​ကို ​အောင် ​ကျော် ​နိုင် ​ဟာ ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​ကိုယ်ရံတော် ​ဖြစ်ခဲ့ပါတယ်။

ကျန်ရစ်သူ ​ကိုပါကြီးရဲ့ ​ဇနီး ​မသန္တာ ​ကတော့ ​ကိုပါကြီး ​သေဆုံးမှုနဲ့ ​ပတ်သက်ပြီး ​အမှုဖွင့်ထားပြီ ​ဖြစ်သလို ​အလောင်းကို ​စစ်ဆေးနိုင်အောင် ​ပြန်လည်တူးဖော်ပေးဖို့ ​တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်က ​ကိုပါကြီးဟာ ​ထိန်းသိမ်းခံရစဉ်အတွင်း ​သေနတ်လုယူပြီး ​ထွက်ပြေးသွားတာကြောင့် ​ပစ်သတ်လိုက်တာလို့ ​ထုတ်ပြန်ထားတဲ့အပေါ် ​မကျေမနပ် ​ဖြစ်နေကြတာပါ။

အများစုကတော့ ​ကိုပါကြီးဟာ ​နှိပ်စက်ခံရရင်း ​သေဆုံးတာ ​ဖြစ်နိုင်တယ်လို့ ​ယူဆကြတဲ့အတွက် ​အလောင်းကို ​စစ်ဆေးလိုကြတာ ​ဖြစ်ပါတယ်။

ကိုပါကြီး ​သေဆုံးတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​အမေရိကန် ​နိုင်ငံခြားရေး ​ဌာနကလည်း ​အဲဒီအပေါ် ​အင်မတန် ​စိုးရိမ်မကင်းဖြစ်မိသလို ​စိတ်မကောင်းမှုလည်း ​ဖြစ်ရတယ်လို့ ​ပြောပါတယ်။

ဒါ့အပြင် ​မြန်မာ ​အစိုးရကိုလည်း ​ယုံကြည်စိတ်ချရပြီး ​ပွင်းလင်းမြင်သာမှု ​ရှိတဲ့ ​စုံစမ်းမှုတွေလုပ်ဖို့လည်း ​အမေရိကန်နိုင်ငံက ​တိုက်တွန်းထားပါတယ်။

အမေရိကန် ​သမ္မတ ​ဘားရက်အိုဘားမားအနေနဲ့ ​မြန်မာနိုင်ငံကို ​မလာခင် ​အတောအတွင်းမှာ ​ကိုပါကြီး ​သေဆုံးတဲ့ ​ကိစ္စ ​ဖြစ်လာရသလို ​မြန်မာနိုင်ငံ ​လူ့အခွင့်အရေးနဲ့ ​ပတ်သက်ပြီး ​ပိုပြီး ​အာရုံစူးစိုက်ချိန်မှာပဲ ​အခုလို ​ဖြစ်ရပ်တွေနဲ့ ​ကြုံနေရတာပါ။

ကိုပါကြီးရဲ့ ​ဇနီး ​မသန္တာကတော့ နိုင်ငံရေးနဲ့ ​လူမှုရေး ​အဖွဲ့အစည်းပေါင်း ​၅၉ ​ဖွဲ့ ​ပူးပေါင်းပြီး ​ကိုပါကြီး ​သေဆုံးတဲ့ ​ကိစ္စကို ​စုံစမ်းပေးဖို့ ​အစိုးရကို ​ဖိအားပေးတောင်းဆိုသွားမယ်လို့ ​ပြောကြောင်း ​ရိုက်တာ ​သတင်းမှာ ​ဖော်ပြထားပါတယ်။



ဒေါ်အောင်ဆန်းစုကြည်အတွက် ကိုယ်ရံတော် လုပ်ပေးခဲ့ဖူးသူ ကိုပါကြီး (နောက်ဆုံးယာစွန်)


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ