Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 28, 2014

ဖမ်းဆီးခံ မြန်မာနှစ်ဦး ထိန်းသိမ်းရက် ထပ်တိုး

ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံ သားနှစ်ဦး အသတ်ခံရမှုနဲ့ ဖမ်းဆီး ထိန်းသိမ်း ခံနေရတဲ့ မြန်မာလူငယ် နှစ်ဦးဖြစ်သူ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို နောက်ထပ်အနည်းဆုံး ၁၂ ရက် ထိန်းသိမ်းထားမယ်လို့ သိရပါတယ်။

အဲ့သလို ထိန်းသိမ်းရက် ထပ်တိုးပေးဖို့ အစိုးရရှေ့နေတွေရဲ့ ဒုတိယအကြိမ်လျောက်လဲချက်ကို ကော့စမွီ ခရိုင်တရားရုံးက အတည်ပြုခဲ့ပါတယ်။

မြန်မာလူငယ်နှစ်ဦး ထိန်းသိမ်းခံနေရတာ ဒီကနေ့ဆိုရင် ၂၅ ရက်ရှိပြီဖြစ်ပါတယ်။ သူတို့အပေါ် အခုထိ စွဲချက်မတင်နိုင်သေးပါဘူး။

ထိုင်း ဥပဒေအရ စွပ်စွဲခံရသူတွေကို ၈၄ ရက်အထိ ထိန်းသိမ်းထားခွင့်ရှိပြီး၊ အဲ့ဒီရက်အတွင်း လုံလောက်တဲ့ စွဲချက်မတင်နိုင်ဘူးဆိုရင် ပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး တနင်္ဂနွေနေ့က ဗြိတိန် မှုခင်းကျွမ်းကျင်သူတွေ ခိုတောင်းကျွန်းကို သွားရောက်စုံစမ်းခဲ့ကြပါတယ်။ ထိုင်း အစိုးရရှေ့နေတွေကလည်း အခင်းဖြစ်ပွားပြီး ကျန်ရစ်ခဲ့တဲ့ မိုဘိုင်းဖုန်းဟာ သေဆုံးသူ ဗြိတိန်နိုင်ငံသားရဲ့ဖုန်းဖြစ်ကြောင်း ဗြိတိန် မှုခင်းကျွမ်းကျင်သူတွေဆီက တရားဝင်ရေးသားချက်ရရှိအောင် ထိုင်း စုံစမ်းစစ်ဆေးသူတွေကို ကြိုးစားခိုင်းနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

ဒီအတွင်း ခိုတောင်းကျွန်း အပါအဝင် ဆူရတ်ဌာနီ ခရိုင်အတွင်းက ခရီးသည်တွေ သွားရောက်ရာနေရာတချို့ကို အခါကြီး ရက်ကြီးတွေကလွဲပြီး ကျန်တဲ့ရက်တွေမှာ ပိတ်ထားဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားကြောင်း NBC သတင်းကဖော်ပြပါတယ်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ