Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 25, 2014

မြောက်ကိုရီးယားနဲ့ နျူကလီယား အရေး ဆွေးနွေးဖို့ ကန်လိုလား

မြောက်ကိုရီးယားနဲ့ နျူကလီးယား ဖျက်သိမ်းရေး ဆိုင်ရာ ဆွေးနွေးပွဲတွေ လုပ်ဖို့ အမေရိကန် ပြည်ထောင်စုက ဆန္ဒရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန် ကယ်ရီ ကပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း ဆွေးနွေးတယ်ဆိုတာ သက်သက် အတွက် မဟုတ်သလို ကိုရီးယားကျွန်းဆွယ်က အမေရိကန် တပ်ဖွဲ့တွေကို လျှော့ချဖို့ ကိစ္စ ပြောဖို့ကလည်း အချိန်မတန် သေးဘူးလို့ ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Yun Byung-se နဲ့ သောကြာနေ့က ၀ါရှင်တန်မြို့တော်မှာ တွေ့ဆုံဆွေးနွေးအပြီး ကယ်ရီရဲ့ အခုပြောဆိုချက် ထွက်လာတာပါ။

ဘယ်လိုဆွေးနွေးပွဲမျိုးမှ မစခင်မှာ မြောက်ကိုရီးယားအနေနဲ့ နိုင်ငံတကာ လိုက်နာ ပြုမူ လုပ်ဆောင်ရမှာတွေအတိုင်း လုပ်တယ်ဆိုတာ သေချာဖို့လိုတယ်လို့ ၀န်ကြီး ကယ်ရီကပြောပါတယ်။

တရုတ်၊ အမေရိကန်၊ ဂျပန်၊ ရုရှားနဲ့ တောင်မြောက်ကိုရီးယားနိုင်ငံတွေ ပါဝင်တဲ့ ခြောက်နိုင်ငံဆွေးနွေးပွဲ ဆိုတာတွေဟာ အခက် အခဲ အတားအဆီး ရှိထားပါတယ်။ ၂၀၀၅ ခုနှစ်တုန်း ကတော့ မြောက်ကိုရီးယား က နျူကလီးယား အစီအစဉ်ကို ဆိုင်းငံ့ပြီး အပြန် အလှန်အားဖြင့် အကူအညီတွေပေးဖို့ သဘောတူညီချက်တခု ရဖူးပါတယ်။

အနာဂတ်မှာ စစ်ပွဲတပွဲနဲ့ ကြုံလာရင် နှစ်နိုင်ငံပူးတွဲတပ်ဖွဲ့တွေကို အမေရိကန်ပြည်ထောင်စုက အမိန့်ပေးကွပ်ကဲဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား ကာကွယ်ရေးအကြီးအကဲတွေ ကြာသပတေးနေ့က သဘောတူကြပါတယ်။ ဒါဟာ နောက်နှစ်မှာ တောင်ကိုရီး ယားက အမိန့်ပေးကွပ်ကဲရေး လွှဲပေးဖို့ ကနဦး စီစဉ်ထားတာကို ပြန်ပြင်လိုက်တာဖြစ်ပါတယ်။


တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဝါရှင်တန်ဒီစီမှာ တွေ့ဆုံ။ (အောက်တိုဘာ ၂၄၊ ၂၀၁၄)


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ