Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 6, 2014

ဒီကေဘီအေ သိမ်းဆည်းခဲ့သည့် လက်နက်များ အစိုးရတာဝန်ရှိသူများထံ ပြန်အပ်

ပြီးခဲ့တဲ့ လကုန်ပိုင်းက မွန်ပြည်နယ် ကျိုက်မရော မြို့နယ်အတွင်းမှာ ဒီမိုကရေ စီအကျိုးပြု ကရင် တပ်မတော် (ဒီကေဘီအေ)တပ်က သိမ်းဆည်း ခဲ့တဲ့ အစိုးရ တပ်ဖွဲ့ဝင်တွေရဲ့ လက်နက် တွေကို ဒီကနေ့ ပြန်လည် အပ်နှံ ခဲ့ပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က ဒီကေဘီအေ ကလိုထူးဘော ဗျူဟာဌာန လက်အောက် ဗိုလ်မှူး ၀င်းဇော်လင်း အခြေပြုရာနေရာကို အစိုးရတာဝန်ရှိသူ တွေက ၀င်စစ်ဆေး တဲ့အပေါ် ဗိုလ်မှူး ၀င်းဇော်လင်းက စစ်ဆေးတဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) နဲ့ ရဲ စုစုပေါင်း ၈ ဦးကို ဖမ်းဆီးခဲ့ကြောင်းပြီး သူတို့နဲ့အတူ ပါဝင်တဲ့ လက်နက်တွေကို သိမ်းဆည်း ခဲ့ပါတယ်။

ဖမ်ဆီးထားသူတွေကို နောက်တနေ့မှာ ပြန်လွတ်ပေမယ့် လက်နက်တွေကိုပြန်မပေးဘဲ သိမ်းဆည်းထားခဲ့ပါတယ်။ ဒီလက်နက်တွေကို ပြန်အပ်ဖို့ ဒီကေဘီအေက ဗိုလ်မှူးစောဆန်း အောင်နဲ့ အစိုးရတပ်ဘက်က ဗျူဟာမှူးအပါအ၀င် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူတွေ တွေ့ဆုံပြီး လက်နက်တွေပြန်လည်း အပေးအပ်ဖို့ သဘောတူညီခဲ့ပါတယ်။

ဒီကနေ့မှာတော့ စကခ ၁၂ မှူးကို ပြန်လည်အပ်နှံမှာဖြစ်တယ်လို့ ဒီကေဘီအေ မြ၀တီရုံး ဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီးစောမိုးမြင့်က ပြောပါတယ်။

“ကျနော်တို့ ဒုတိယ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောမူစေးကတော့ ကော့ဂရိတ်တပ်မ စကခ ၁၂ ကို ရောက်ရှိနေပါပြီး။ လက်နက်တွေ ပြန်လည် ပေးအပ်ရန်အတွက် သဘော တူညီချက်တွေနဲ့ အားလုံးပြန်လည် ပေးအပ်မှာဖစ်တယ်။ အဖိုး (ဗိုလ်ချုပ်ကြီးစောလားဘွယ်) ကတော့ သူများလက်နက်တွေကို ငါတို့ မယူဘူး ပြန်ပေးမှာပါ။ အဖိုးကလည်း ညွန်ကြားထားပြီး ပါပြီ။ အားလုံးကိုလည်း စစ်ပွဲထပ်မဖြစ်ပေါ်ရေး၊ တဖက်နဲ့တဖက် သဘောထားမှန်စွာနဲ့ ပြန်လည် သင့်မြတ်အောင် ဆောင်ရွက်ကြဖို့ အဖိုးက မှာကြားပါတယ်။”

အောက်တိုဘာလ ၄ ရက်နေ့က ဒီကေဘီအေ ဗိုလ်မှူးစောဆန်းအောင် အပါအ၀င် ဒုစစ်ဦးစီးချုပ်နဲ့ တပ်မမှူးတို့ဟာ အစိုးရတပ်နဲ့ တွေ့ဆုံပြီး ဒီကေဘီအေက သိမ်းယူထားတဲ့ လက်နက်တွေကို ပြန်လည်ပေးအပ်ဖို့အတွက် အစိုးရတပ်က ကမ်းလှမ်းထားပါတယ်။

ဒီနောက်အခုလို လက်နက်တွေပြန်အပ်ပြီး မိမိအခြေနေရာကို နေထိုင်နိုင်ဖို့ သဘောတူညီကြတာ ဖြစ်ပါတယ်။

ဒီလို ညှိနှိုင်းဆောင်ရွက်ပြီး လာမယ့် ရက်ပိုင်းတွေမှာလည်း ဒီကေဘီအေ တာဝန်ရှိသူတွေ အနေနဲ့ နိုင်ငံတော်အကြီးအကဲတွေနဲ့ သွားရောက်တွေ့ဆုံဖို့ရှိတယ်လို့လည်း ဗိုလ်ကြီး စောမိုးမြင့် က ပြောပါတယ်။ တွေ့ဆုံမယ့် ရက်ကိုတော့ နောက်ပိုင်းမှာ ထုတ်ပြန်သွားမယ်လို့ပြောပါတယ်။

ဒီကေဘီအေ အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့ဖြစ်ပြီး လက်ရှိမှာ အစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ဖို့ ပါဝင်ဆွေးနွေး နေပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ