ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 18, 2014

တပ်ရင်း ၆ ကို စစ်ဆင်ရေးလုပ်ရင် တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ပါတယ် – ဗိုလ်ချုပ်ဂွန်မော်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်တပ်ရေး တပ်မတော် (ကေအိုင်အေ) တို့အကြား စစ်ရေးတင်းမာမှု ရှိနေဆဲဖြစ်ပြီး  အစိုးရနဲ့ ကေအိုအေကြား ညှိနှိုင်းရာမှာ ကေအိုင်အေ တပ်ရင်း ၆ ကို နေရာကနေ ဆုတ်ခွာပေးဖို့သာ အစိုးရက ပြောဆိုနေတယ်လို့  ကေအိုင်အေ ဒုတိယ စစ်ဦးချုပ် ဗိုလ်ချုပ် ဂွန်မော်က ပြောပါတယ်။

ဒီတင်းမာမှုပေါ် ဘာတွေဆက်ဖြစ်နိုင်ပါသလဲဆိုတာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဂွန်မော်ကို နော်နိုရင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ အစိုးရတပ်နဲ့ ကေအိုင်အေ တင်းမာမှုတွေဖြစ်နေတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်ဂွန်မော်တို့ ဘယ်လိုမျိုး စီစဉ်ဆောင်ရွက်နေလဲ။

“တင်းမာမှုက ဟိုးအရင်းကတည်းက စနေတာ။ လောလောဆယ်မှာတော့ တပ်ရင်း ၆ ကို ဖယ်ခိုင်းတယ်။ တပ်ရင်း ၆ ဌာနချုပ်ကို ဒီနေ့ညနေလာပြောပြီး မနက်ဖြန်ညနေ ဖယ်ပေးပါဆိုတဲ့ ပုံစံမျိုးကျတော့ ဒါ သိပ်သဘာဝမကျဘူး။ အဲတော့ ဘယ်ကစဖြစ်သ လဲပြောရရင်တော့ ပြောရရင် နည်းနည်းရှည်ပါတယ်။”

ဒီလိုတင်းမာနေပြီး တိုက်ပွဲပြန်ဖြစ်မယ့် အလားအလာ ရှိနေတဲ့အပေါ် ဗိုလ်ချုပ်တို့ ဘယ်လို ညှိနှိုင်းဆောင်ရွက်ဖို့ ရှိပါသလဲ။

“ကျနော်တို့ ညှိနှိုင်းနေပါတယ်။ မြစ်ကြီးနားရုံးကလည်း ညှိနှိုင်းတယ်။ ၀န်ကြီး ဦးအောင်မင်းတို့ဆီလည်း စာရေးထားတယ်။ ဒါပေမယ့် တပ်ရင်း ၆ ကိုပဲ ဖယ်ပေးဖို့ ပြောနေတော့ တကယ်လို့ တပ်ရင်း ၆ ဘက်ကို စစ်ဆင်ရေးလုပ်လာမယ်ဆိုရင် တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ပါတယ်။”

ပိတ်မိနေတဲ့ ရွားသားတွေကို မြန်မာစစ်တပ်က ဘယ်မှ မသွားဖို့ ပြောထားတော့ တကယ်လို့ တိုက်ပွဲဖြစ်လာရင် ရွာသားတွေပဲ ထိခိုက်မယ်။ ကေအိုင်အေအနေနဲ့ ရွာသားတွေကို ဘယ်လို ကာကွယ်ဖို့ရှိလဲ။

“လောလောဆယ် တိုက်ပွဲဖြစ်လာရင် ဘေးကင်းမယ့်လို့ ထင်ရတဲ့နေရာတွေကို ရွှေ့ခိုင်းထားတာဖြစ်ပါတယ်။ တကယ်တော့ လွန်ခဲ့တဲ့ စက်တင်ဘာ ၂၂-၂၆ ရန်ကုန်မှာ တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဆွေးနွေးဖို့ဖြစ်ပေမယ့် အစိုးရဘက်က တပ်ပိုင်းဆိုင်ရာကိစ္စတွေကို မဆွေးနွေးပဲ နောက်မှ ဆွေးနွေးရအောင် ပြောတာ၊ အခုကျတော့ တပ်ရင်း ၆ ကို ဖယ်ခိုင်းတဲ့ပုံစံမျိုးဖြစ်လာတော့ ကျနော်တို့လည်း ၀န်ကြီး ဦးအောင်မင်းတို့၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ကို စာနဲ့ရေးပြီး အကြောင်းကြားထားပါတယ်။ အခုချိန်ထိ ထူးခြားတာ မရှိသေးပါဘူး။”

တနိုင်ငံလုံး အပစ်ရပ်ဖို့ အစိုးရနဲ့ ဗိုလ်ချုပ်ဂွန်မော်တို့ အန်စီစီတီနဲ့ အကြိတ်အနယ် ဆွေးနွေးနေတဲ့အချိန်မှာ အခုလို ကေအိုင်အေဘက်မှာ တပ်တွေရွှေ့ခိုင်းတာ၊ တိုက်ပွဲဖြစ်လာနိုင်တဲ့အခြေအနေအပေါ် ဘာပြောချင်လဲ။

“ကျနော်တို့အနေနဲ့ စဉ်းစားစရာဖြစ်လာတယ်။ ဒီနေ့မနက် (အောက်တိုဘာ ၁၇) လည်း ကေအိုင်အို ဗဟိုကော်မတီမှာ ဒီကိစ္စကို သုံးသပ်ကြတယ်။ အန်စီစီတီနဲ့ ယူပီဒဗလျူစီရဲ့ ဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စဆွေးနွေးဖို့ ပြောတဲ့အခါမှာ တပ်ဘက်က လက်မခံဘူး။ တကယ်တော့ တပ်ပိုင်းဆိုင်ရာတွေ စာချုပ်ချုပ်ပြီးရင် တပ်တွေ ဘယ်လိုခွာမလဲ၊ ဘယ်လိုစည်းကမ်းတွေ လိုက်နာမလဲဆိုတာ ဆွေးနွေးဖို့ ငြင်းဆန်ပြီးမှ အခုကျတော့ တပ်ရင်း ၆ ကို ရွှေ့ပေးဖို့ ရာဇာသံပေးလာတော့ ဒီ ဖြစ်စဉ်အပေါ်မှာ အစိုးရရဲ့ သဘောထား ပြောင်းလဲသွားသလားဆိုတာ ကျနော်တို့ သုံးသပ်နေဆဲဖြစ်ပါတယ်။”

တပ်ပိုင်းဆိုင်ရာကိစ္စ ဆွေးနွေးလို့ မရတဲ့အနေအထားမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဆက်ဆွေးနွေးဖို့ ရှိလား၊ ရပ်သွားနိုင်မလား ဘယ်လိုသုံးသပ်လဲ။

“အခုဆက်ပြီး ဖြစ်လာမယ့်အခြေအနေပေါ် မူတည်ပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်က ရှေ့ကို သွားရမှာမှန်တယ်။ ဒါပေမယ့် တိုက်ပွဲတွေ ပြန်ဖြစ်လာမယ်ဆိုရင် ဒီဆွေးနွေးပွဲဟာ အကျပ်အတည်းတွေ ဖြစ်လာနိုင်ပါတယ်။”

ဖြည့်စွက်ပြောချင်တာ ဘာများရှိသေးလဲ ဗိုလ်ချုပ်။

“တကယ်တော့ ကျနော်တို့ အမြင်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (peace process) ကို ရှေ့ဆက်သွားနိုင်အောင် ဆိုရင် ပြဿ     နာ ဖြစ်လာရင်တောင်မှ ဒီပြဿ     နာတွေကို ပြေလည်အောင် ဖြေရှင်းဖို့ လိုပါတယ်။ အခု ဒီကေဘီအေမှာ ဖြစ်တာကလည်း ပြဿ     နာကို ဖြေရှင်းတဲ့ပုံစံမဟုတ်ဘူး၊ နောက် အက်စ်အက်စ်ပီပီနဲ့ အက်စ်အက်စ်အေ ဖြစ်နေတဲ့ ကိစ္စကလည်း ပြဿ     နာကို ဖြေရှင်းတဲ့ပုံစံမဟုတ်ဘူး၊ ကျနော်တို့ ကေအိုင်အိုထဲမှာလည်း ပြဿ     နာဖြေရှင်းတဲ့ပုံစံမဟုတ်ဘူး။ ပြဿ     နာကို စစ်ရေးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားတဲ့အနေအထားကတော့ သိပ်မသင့်တော့ဘူးလို့ ကျနော်တို့ မြင်ပါတယ်။”


ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ