ဘန်းချောင်းကျောက်မီးသွေးစီမံကိန်းက စွန့်ပစ်လိုက် တဲ့ မြေစာတွေနဲ့ ညစ်ညမ်းရေတွေကြောင့် ဒေသခံတွေရဲ့ ဥယျာဉ်ခြံမြေတွေ ထိခိုက်ပျက်စီးနေပြီး ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးအပေါ်ယုံကြည်မှုကို ပျက်ပြားစေနိုင်တဲ့အ တွက် လူမှုအဖွဲ့အစည်းတွေက ပြည်သူတွေရဲ့ သဘော ထားကို အခုလို ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ထားဝယ်အခြေစိုက် တာကပေါလူမှုအဖွဲ့ဝင် ကိုစောဂျိုးကပ်က ပြော ပါတယ်။
"ကျောက်မီးသွေးလုပ်ဖို့အတွက် တူးဖော်နေတဲ့ လက်ရှိ ထိုင်း East Star ကုမ္ပဏီနဲ့ KNU နဲ့ကသဘောတူစာချုပ် ချုပ်ထားတယ်၊ ဒီရွာသားတွေနဲ့ ကုမ္ပဏီနဲ့ ပြဿနာဖြစ်တာတွေရှိတယ်၊ အဲ့ဒီလိုဖြစ်ရင်သူတို့တွေက အခြားရွာမှာရှိတဲ့ တိုင်းရေးရာအခြေစိုက်စခန်း တစ်ခုကိုသွားခေါ်ပြီးတော့ ဖိအားပေးတာမျိုးတွေရှိတယ်၊ လေးကြိမ်လောက်ဖြစ်တယ်၊ နှစ်ဖက်လုံးကတော့ စီမံကိန်းမှာ ပါဝင်ပတ်သတ်မှုရှိတယ်၊ ဧရိယာတွေက ရွာသားတွေရဲ့ ဥယျာဉ်ခြံမြေနဲ့ မြစ်ချောင်းတွေ ထိခိုက်ပျက်စီးတာပေါ့ အဲ့ဒီပျက်စီးလို့ရှိရင် အဲ့ဒီရွာဒေသခံတွေ လူနေမှုဘဝလေးပျက်စီးသွားမှာ"
၂၀၁၂ ခုနှစ်က စတင်ဆောင်ရွက်နေတဲ့ ဘန်းချောင်း ကျောက်မီးသွေးစီမံကိန်းကို ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံး နဲ့ စာချုပ်ချုပ်ဆိုထားပြီး ထိုင်းနိုင်ငံကို ကျောက်မီးသွေးတွေ တင်ပို့နေတယ်လို့ သိရပါတယ်။
ဒေသခံတိုင်းရင်းသားတွေရဲ့ လူမှုစီးပွားကို ထိခိုက်နေတဲ့အတွက် ဒီစီမံကိန်းကို ပြန်လည်စိစစ် ဆောင်ရွက်ပေး ဖို့နဲ့ ပြည်သူတွေရဲ့ သဘောထားမကောက်ခံဘဲ ဆောင်ရွက်နေမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်မယ့် ဒေသခံ တိုင်းရင်းသားတွေရဲ့ လူမှုစီးပွားနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ကို တာဝန်ယူဆောင်ရွက်ပေးဖို့လည်း လူ့အဖွဲ့အစည်းတွေရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
ဒီသဘောထားထုတ်ပြန်ချက်ကို ဘန်းချောင်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၊ ထားဝယ်အမျိုးသမီးသမဂ္ဂ၊ ထားဝယ်သုတေသနအဖွဲ့၊ တာကပေါလူငယ်အဖွဲ့၊ ထားဝယ်တိုင်းရင်းသား များပါတီ စတဲ့ ထားဝယ်အခြေစိုက် လူမှုအဖွဲ့အစည်းတွေနဲ့ ဘာသာရေးအသင်းအဖွဲ့တွေက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။




































No comments:
Post a Comment