Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 18, 2014

ပုဏ္ဏားကျွန်းနယ်တွင် စက်လှေနှစ်စီးတိုက်ရာမှ အမျိုးသမီးတစ်ဦးသေဆုံး

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် စက်လှေနှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာမှ အမျိုးသမီး တစ်ဦး သေဆုံး သွားခဲ့ကြောင်း သတင်း ရရှိသည်။

အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည့် အဆိုပါစက်လှေနှစ်စီး တိုက်မှုမှာ အောက်တိုဘာလ ၁၅ ရက်နေ့၊ ညနေ ၇ နာရီခန့်က ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ စင်းဘောကိုင်း ကျေးရွာအနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ မြောက်ဦးမြို့နယ်၊ ညောင်ပင်လှကျေးရွာနေ မောင်သိန်းညွန့် (၃၅)  နှစ်၊ (ဘ) ဦးစောသိန်းဦး သည် အောက်တိုဘာလ ၁၅ ရက်နေ့၊ ည ၇ နာရီအချိန်ခန့်တွင် ဆင်ကဲကျေးရွာ၌ ဟင်းသီးဟင်းရွက်များ ရောင်းချပြီးနောက် ဟွန်ဒါစက်လှေဖြင့် ညောင်ပင်လှကျေးရွာသို့ ပြန်လာခဲ့ရာ ယင်း၏စက်လှေပေါ်တွင် တစ်ရွာတည်းနေ ဒေါ်နုစိန်၊ ဒေါ်အေးစိန်၊ ဒေါ်လှသန်းယဉ်၊ ဒေါ်ထွန်းမဖြူနှင့် ဒေါ်သိန်းစောဦး တို့ကိုလည်း အတူ လိုက်ပါလာခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းသို့ပြန်လာကြစဉ် ပုဏ္ဏားကျွန်းမြို့နယ်၊ စေတီလင်းကျေးရွာနေ ဦးသိန်းထွန်း (၄၉ နှစ်၊ ဘ – ဦးင/လုံးချေ) မောင်းနှင်လာသော မော်တော်ဘုတ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ စင်းဘောကိုင်းကျေးရွာအနီးတွင် မျက်နှာချင်းဆိုင် ဝင်တိုက်မိခဲ့ကြောင်း ရဲက ဆိုသည်။

စက်လှေနှစ်စီးယင်းသို့ မျက်နှာချင်းဆိုင်တိုက်မိမှုကြောင့် ဟွန်ဒါစက်လှေမှာ အခင်းဖြစ်ပွားသည့် နေရာတွင် နစ်မြုပ်သွားခဲ့ပြီး ဟွန်ဒါစက်လှေပေါ်တွင်လိုက်ပါလာခဲ့သူ အမျိုးသမီး ၅ ဦးအား ရေထဲမှ ကယ်တင်ခဲ့ရသည်ဟု သိရသည်။ အမျိုးသမီး ၅ ဦးထဲမှ ဒေါ်နုစိန် (၄၇) နှစ်၊ (ဘ ) ဦးခိုင်သာထွန်း  မှာ ယင်း၏နေအိမ်သို့ အရောက်တွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာက ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူလျက်ရှိကြောင်း သိရသည်။

ယခုလ ၆ ရက်နေ့၊ နံနက်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ခရီးသည်တင် စက်လှေ တစ်စီးနစ်မြုပ်မှုကြောင့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၇ ဦး စုစုပေါင်း (၉) သေဆုံးသွားခဲ့သည့်ဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့သည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ