Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 10, 2014

လက်ဆွဲနှုတ်ဆက် သည့်အပြုအ မူအပေါ် မော်ရင်ဟိုကို ရွိုင်ကိန်းဝေဖန်

ကိုယ်ရေးစာအုပ်ဒုတိယတွဲတွင် ဖာဂူဆန်ကိုအဆက်မပြတ်ဝေဖန်ထားသော ရွိုင်းကိန်းသည်ချယ်လ်ဆီးနည်းပြမော်ရင်ဟို၏ အပြုအမူကိုလည်းရှက်ဖွယ်ကောင်း သည့်အပြုအမူဖြစ်ကြောင်း ဝေဖန်ခဲ့ပြီး မကြာသေးခင်က စတမ်းဖို့ဒ်ဘရစ်ခ်ျတွင်ကစားသော ဗီလာအသင်း၏ပွဲစဉ်တွင် မော်ရင်ဟိုကိုမည်သည့်အတွက်ကြောင့် လက်ဆွဲနှုတ်ဆက်ခဲ့ခြင်းမရှိသည်ကို ရှင်းပြခဲ့သည်။
Moryanho

အက်စတွန်ဗီလာအသင်းက ချယ်လ်ဆီးကို ၃-၀ ဂိုးဖြင့်အရေးနိမ့်ခဲ့သည့်ပွဲတွင် မော်ရင်ဟိုသည် လက်ဆွဲနှုတ်ဆက်ရန် ရွိုင်ကိန်းကို လက်ကမ်းပေးခဲ့သော်လည်း ရွိုင်ကိန်းက မသိချင်ယောင်ဆောင်နေခဲ့သည်။ "အဲဒီစိတ်ဓါတ်စစ်ဆင်ရေးအပြုအမူတွေကို ကျွန်တော့်စိတ်ထဲ မထားပါဘူး။ ဒါပေမဲ့ ပွဲကမပြီးသေးဘဲ ကစားနေ တုန်းပါပဲ။ သူ့ရဲ့အပြု အမူက ရှက်ဖို့ကောင်း ပါတယ်။ တခြားနည်းပြ တွေကိုလည်း သူအဲလိုလုပ် တာ ကျွန်တော် တွေ့ခဲ့ပါတယ်။ အရှက်မရှိတဲ့ အပြုအမူပါပဲ"ဟု ရွိုင်ကိန်းကပြောကြားခဲ့သည်။ ယင်းအပြုအမူမှာ မလေးမစားလုပ်သည့်အပြု အမူလားဆိုသည့်မေးခွန်းကိုမူ ရွိုင်ကိန်းက"ခင်ဗျားရောဘယ်လိုထင်သလဲ။ညံ့ဖျင်း တဲ့ မေးခွန်းပဲ"ဟု တုန့်ပြန်ခဲ့သည်။
အိုးထရက်ဖို့ဒ်တွင် ဖာဂူဆန်ရုပ်တုဖွင့်ပွဲပြုလုပ်စဉ်က တက်ရောက်ခဲ့ခြင်းမရှိမှုအပေါ်တွင်လည်း ၎င်းက "ကျွန်တော် ဖိတ်ကြားခံခဲ့ရ တယ်ထင်တယ်။ဒါပေမဲ့သူက ဖိတ်တာလို့ ကျွန်တော်မထင်ပါဘူး။ သူ့ရဲ့ကော်မတီ ဒါမှမဟုတ် သူ့သားက ဖိတ်တာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့အဲဒီကိုသွားပြီးဘာလုပ်ရမှာလဲ"ဟုပြောကြားခဲ့သည်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ