Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 10, 2014

၂၀၁၅-၁၆ ရာသီတွင် ချန်ပီယံလိဂ် ဆီဒင် သတ်မှတ်ချက် ပုံစံ ပြောင်းလဲမည်

လာမည့် ၂၀၁၅-၁၆ ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီဒင်အဆင့် သတ်မှတ်ချက်ကို အပြောင်းအလဲ ပြုလုပ်မည် ဖြစ်ကြောင်းဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)က ကြေညာသည်။
Man-1
ဥရောပ၏ထိပ်တန်းလိဂ်ပြိုင်ပွဲခုနှစ်ခုတွင် ယခုနှစ်ရာသီ၌ ချန်ပီယံဖြစ်ခဲ့သော အသင်းခုနှစ်သင်းကို လက်ရှိချန်ပီယံလိဂ် ချန်ပီယံ အသင်းနှင့်ပေါင်းကာ ဆီဒင် ၁ အဖြစ်သတ်မှတ်ပြီး မဲအိုး ၁ တွင် ထားရှိမည်ဖြစ်သည်။ ယူအီးအက်ဖ်အေ၏ ထိပ်တန်းလိဂ် ခုနှစ်ခုမှာ အင်္ဂလန်၊ စပိန်၊ အီတလီ၊ ဂျာမနီ၊ ပေါ်တူဂီ၊ရုရှနှင့် ပြင်သစ် တို့ ဖြစ်သည်။  ပြီးခဲ့သည့်ရာသီကအထိကျင့်သုံးခဲ့သော စနစ်မှာ အသင်းများ၏ဥရောပအောင်မြင်မှုများကို သတ်မှတ်၍သာ အဆင့်သတ်မှတ်ပေးခြင်းဖြစ်သည်။
ထို့ကဲ့သို့ သတ်မှတ်ခဲ့ခြင်းကြောင့် ယခုနှစ်ရာသီမဲခွဲရာတွင် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းမှာ မဲအိုး ၂တွင် ကျရောက်ခဲ့ပြီး အဆင့်လေး သာရရှိသည့် အာဆင်နယ်အသင်းမှာ မဲအိုး ၁ တွင် ကျရောက်ခဲ့သည်။

Man-2.2
ယခုချမှတ်လိုက်သည့် စည်းမျဉ်းသစ်သည် ပြည်တွင်းလိဂ်ချန်ပီယံများကို ချန်ပီယံလိဂ်ပြိုင်ပွဲတွင်၎င်းတို့နှင့်တစ်နိုင်ငံတည်းမှအသင်းများအောက်အဆင့်အတန်း နိမ့်ကျနေမှုကို ရပ်တန့်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ယူအီးအက်ဖ်အေဥက္ကဋ္ဌ ပလာတီနီက ပြောသည်။
ထို့အပြင် ဂျူဗင်တပ်စ်(အီတလီချန်ပီယံ)၊ အက်သလက်(စပိန်ချန်ပီယံ)၊ အေဂျက်ဇ်(နယ်သာလန်ချန်ပီယံ)နှင့် မယ်လ်မို(ဆွီဒင်ချန်ပီယံ)တို့အတူကျရောက်လျက် ရှိသည့် အုပ်စု(က)ကဲ့သို့ ချန်ပီယံများအားလုံး တွေ့ဆုံနေမှုကိုလည်း ရှောင်ရှားနိုင်လိမ့်မည် ဖြစ်သည်။
စည်းမျဉ်းသစ်၏ စံနှုန်းသတ်မှတ်ချက်သည် ပြီးခဲ့သည့်ရာသီ ဥရောပပြိုင်ပွဲစွမ်းဆောင်နိုင်မှုနှင့် ပြည်တွင်းအမှတ်ပေး ပြိုင်ပွဲစွမ်းဆောင်နိုင်မှု နှစ်ခုစလုံး အကြုံး ၀င်မည် ဖြစ်သည်။
ထိုစည်းမျဉ်းသစ်အရ အာဆင်နယ်နှင့် မန်ယူတို့ကဲ့သို့ အသင်းများကို ထိခိုက်လာမည် ဖြစ်သည်။အာဆင်နယ်နှင့်မန်ယူတို့အနေဖြင့်ချန်ပီယံလိဂ်တွင်အောင်မြင် မှုမရခဲ့လျှင်သော်လည်းကောင်း၊ ပရီးမီးယားလိဂ်တွင်အောင်မြင်မှုမရခဲ့လျှင်သော် လည်းကောင်း အဆင့်သတ်မှတ်ချက် နိမ့်ကျသွားမည်ဖြစ်သည်။
၎င်းတို့နှစ်သင်းစလုံးသည် ပြီးခဲ့သည့် ရာသီများက ယူအီးအက်ဖ်အေ၏စံနှုန်းသတ်မှတ်ချက်အရ ဆီဒင်သတ်မှတ်ချက်မြင့်မားခဲ့ကြသည်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ