၎.၁၀.၂၀၁၄ရက်နေ့ ၂၁၃၀အချိန် အင်းစိန်မြို့နယ်နေ ဒေါ်စန်းစန်းဦးသည် နေအိမ်၌ရှိနေစဉ် ခင်ပွန်း ဖြစ်သူ ကိုဝင်းမောင် (၄၃)နှစ်၊ ဆိုက္ကားနင်းမှာ အင်းစိန်မြို့နယ်၊(ဂ)ရပ်ကွက်၊ သရဖီလမ်းဘေး တွင် ဓါးခုတ်ခံရ၍ လဲကျနေကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ပါသည်။
ထိုသို့ သွားရောက်ကြည့်ရှုခဲ့ရာ ကိုဝင်းမောင်မှာ ဝဲနားနောက်၊ ယာပါး၊ ယာလက်ဖျံတို့တွင် ပြတ်ရှ ဒဏ်ရာများ၊ ကျောကုန်းပွန်းပဲ့ ဒဏ်ရာများဖြင့် လဲကျနေသည်ကိုတွေ့ရှိရ၍ အင်းစိန်ဆေးရုံသို့ ပို့ဆောင် စဉ်လမ်း၌သေဆုံး သွားခဲ့ကြောင်းနှင့် ခင်ပွန်းဖြစ်သူကို ဓါးဖြင့်ခုတ်သူအား စုံစမ်းခဲ့ရာ အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်နေ အောင်ကျော်မိုး (၂၅)နှစ်၊ (ဘ)ဦးဇော်မင်း နှင့် အပေါင်းပါများဖြစ်ကြောင်း သိရှိရသဖြင့် အရေးပေးပါရန်တိုင်တန်းချက်အရ အင်းစိန်မြို့မရဲစခန်း (ပ)၁၀၃၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။




































No comments:
Post a Comment