Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

အီဘိုလာ ဘယ်ကစ

အီဘိုလာ ဗိုင်းရပ်စ် ပိုးကြောင့် သေဆုံးသူ အရေ အတွက် ဟာ အခု ဆိုရင် ၄၀ဝ၀ နီးပါး ရှိပါပြီ။ အီဘိုလာ ရောဂါဟာ ဘယ်လို ရောဂါ ပါလဲ။ ဘယ်လို နည်းနဲ့ ကူးစက် ပြန့်ပွား နေတာ ပါလဲ။

အနောက် အာဖရိကကို ဗဟိုပြု ဖြစ်ပွား နေတဲ့ အီဗိုလာ ကူးစက် ရောဂါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ နီးပါး ကတည်းက စတင် တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် ပေါင်း ၄၀ သက်တမ်းအတွင်းမှာ အခု တကြိမ် ဖြစ်ပွား မှုဟာ အဆိုးဆုံး ဖြစ်ပါတယ်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ် WHO ရဲ့ မှတ်တမ်းအရ အခုတကြိမ်မှာ အကူးစက်ခံရသူ အရေ အတွက် ၈၀ဝ၀ ကျော်ရှိသွားပြီလို့ သိရပါတယ်။

အီဘိုလာရောဂါဟာ သေစေလောက်တဲ့ အဖျားရောဂါတမျိုးဖြစ်ပြီး ရောဂါဖြစ်ပွားသူ ၅၀ ရာနှုန်းကနေ ၉၀ ရာနှုန်းအထိ သေဆုံးမှုရှိတာတွေ့ရပါတယ်။

ဒီရောဂါ ဘယ်က စသလဲဆိုတော့ အာဖရိကတိုက်က သစ်တောထဲမှာနေတဲ့ လင်းနို့တမျိုးကနေ စတင်တယ်လို့ ယူဆကြပါတယ်။

သစ်သီးစားလင်းနို့လို့ ခေါ်တဲ့ အဲဒီလင်းနို့အမျိုးအစားဟာ ရုပ်ကမြေခွေးမျက်နှာ အငယ်စားနဲ့ ဆင်လို့ မြေခွေးပျံလို့လည်း တချို့ကခေါ်ကြပါတယ်။

ဒီရောဂါဖြစ်ပွားမှုကို ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အီဘိုလာ မြစ်နားမှာ စတင်ဖြစ်ပွားတာကို သိရှိခဲ့ရလို့ အီဘိုလာရောဂါ ၊ အီဘိုလာဗိုင်းရပ်စ်လို့ နာမည် ပေးခဲ့တာဖြစ်ပါတယ်။

သွေး၊ ဝမ်း၊ အန်ဖတ် စတဲ့ လူ့ကိုယ် ခန္ဓာက ထွက်တဲ့ အရည်တွေ ထဲမှာ ပိုးအမြောက် အများ ပါဝင်တဲ့ အတွက် အကာ အကွယ်တွေ ပြုလုပ်ဖို့ လိုပါတယ်။ ထုတ်ပြန် ထားတဲ့ စည်းကမ်းတွေ ကို လိုက်နာ ဖို့ လိုပါတယ်။ ဖျားနာ နေတဲ့ သူတွေ ဆိုရင် ပိုပြီး ကူးစက် လွယ်ပါတယ်။

ဒါပေမဲ့ အရေ ပြားမှာ ပွန်းပဲ့ အနာ ရှိမှသာ ကူးစက်တယ်လို့ ဆိုပါတယ်။ တုတ်ကွေး ရောဂါလို့ လေထဲ ကနေ ကူးစက် ပြန့်ပွား တာမျိုး မဖြစ် ပါဘူး။

ရောဂါ စတင် ကူးစက် ပြီဆို ရင် အဖျားဝင် လာပါတယ်။ ကိုက်ခဲ လာပါတယ်။ မောပန်း လာပါတယ်။ ခေါင်းကိုက်တာ လည်ပင်း နာတာ ဖြစ်လာ တတ်ပါတယ်။ အဲဒီနောက်မှာတော့ အန်တာ၊ ဝမ်းလျှောတာ၊ အရေပြားမှာ အနီစက်တွေ ပေါ်ထွက် လာတာ ကိုယ်တွင်း သွေးထွက် တာတွေ ဆက်ဖြစ်ပြီး ပိုဆိုး လာရင် ခန္ဓာကိုယ်တွင်း ကလီ စာတွေ ပျက်စီး တာနဲ့ ရေဓါတ် ခမ်းခြောက် တာဖြစ်ပွားပြီး အသက်ဆုံးရှုံးတတ်တာ ဖြစ်ပါတယ်။

ဒီရောဂါကို တိတိကျကျ ကုသနိုင်တဲ့ ဆေးမရှိသေးပါဘူး။ ဆေးတချို့ဟာ စမ်းသပ်ဆဲဖြစ်ပါတယ်။ ဇိမက်ပ်လို့ ဆေးမျိုးကို အာဖရိကမှာ အသုံးပြုဖို့ ခွင့်ပြုခဲ့ပေမဲ့ လူနာတိုင်းကို အသက်မကယ်နိုင်ပါဘူး။

အီဘိုလာရောဂါ ကူးစက်မှု ကျန်းမာရေး ဝန်ထမ်းများ အကာအကွယ်လိုအပ်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ