Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

ထိုင်းနိုင်ငံတောင်ပိုင်း ၌ စာသင်ကျောင်း ခြောက်ကျောင်း မီးရှို့ဖျက်ဆီးခံရ

ဘန်ကောက် ၊ ၁၃-၁၀-၂၀၁၄

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ပတ်တာနီ ပြည်နယ်တွင် ယမန်နေ့ နံနက်ပိုင်းက စာ သင်ကျောင်း ခြောက်ကျောင်း မီးရှို့ ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း ဒေသတွင်း သတင်းဌာန တစ်ခု၏ ထုတ်ပြန်ချက် အရ သိရသည်။

မီးလောင်ကျွမ်း ခဲ့သည့် စာသင်ကျောင်း များအနက် ငါးကျောင်းမှာ သောင်ယန်ခရိုင် အတွင်းရှိ စာသင်ကျောင်း များဖြစ်ပြီး အဆိုပါ ကျောင်းများ မှာ ဒေသ စံတော်ချိန် နံနက် ၂ နာရီခွဲ ခန့်က စတင် လောင်ကျွမ်း ခဲ့ခြင်း ဖြစ်သည်။

အလားတူ မာယိုခရိုင် အတွင်းရှိ အခြားကျောင်း တစ်ကျောင်း မှာလည်း ဒေသ စံတော်ချိန် နံနက် ၅ နာရီခန့်က လောင်ကျွမ်း ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာသင်ကျောင်းများ မီးလောင်ကျွမ်း မှုသည် စစ်သွေးကြွ များက အစိုးရအပေါ် လက်တုံ့ပြန်သည့် အနေဖြင့် ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း၊ အဖျက်သမား များသည် စာသင်ကျောင်း များမှ ကျောင်းစောင့် များကို ကြိုးဖြင့် တုပ်နှောင်ခဲ့ ပြီးနောက် စာသင်ကျောင်း များကို မီးရှို့ ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း လက်ထောက် ပြည်နယ် အုပ်ချုပ်ရေးမှူး ဆွန်ပေါ့ခ်ျ ဆူဝန်နာရက် ၏ ပြောကြားချက်ကို ကိုးကား ၍ ဘန်ကောက်ပို့စ် သတင်းစာ က ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် အစ္စလာမ် မျိုးနွယ်စုအများဆုံးနေ ထိုင်လျက် ရှိပြီး ၄င်းတို့သည် နိုင်ငံအတွင်းမှ ခွဲထွက်ရန် အစိုးရကို ၂ဝဝ၄ ခုနှစ်မှ စတင်၍ အကြမ်းဖက် တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ