Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 18, 2014

အီဘိုလာကြောင့် အာဖရိကဖလား ၂၀၁၆ ကို ပြောင်းပေးရန် တောင်းဆို

၂၀၁၅ ခုနှစ်အတွက် အာဖရိကဖလားကို မော်ရိုကိုနိုင်ငံက ကျင်းပခွင့်ရပေမယ့် အီဘိုလာရောဂါ ကူးစက်ခံရမှာကို စိုးရိမ်တာကြောင့် ၂၀၁၆ ကို ရွှေ့ပြောင်းပေးဖို့ အာဖရိကဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုထားပါတယ်။

၂၀၁၅ အာဖရိကဖလားကို ဇန်န၀ါရီလ ၁၇ ရက်ကနေ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ကျင်းပဖို့ ဖြစ်ပါတယ်။

အာဖရိကဘောလုံး အဖွဲ့ချုပ်ကတော့ မော်ရိုကိုနိုင်ငံ ရဲ့ တောင်းဆိုမှုကို လက်မခံဘဲ တောင်အာဖရိက နိုင်ငံနဲ့ ဂါနာနိုင်ငံတွေက ဘောလုံးပွဲကို လက်ခံကျင်းပပေးနိုင် မလား မေးထားတယ်လို့ သိရပါတယ်။

ဒီကိစ္စကိုဆွေးနွေးဖို့ အာဖရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌလည်း နိုဝင်ဘာ ၃ ရက်နေ့မှာ မော်ရိုကိုနိုင်ငံကို လာရောက်ဖို့ ရှိပါတယ်။

ဒါပေမယ့်လည်း ဒီပြောင်းရွှေ့ကျင်းပခွင့်ဟာ မော်ရိုကိုနိုင်ငံက နောက်ဆုံး လုံးဝငြင်းလိုက်တော့မှသာ တခြားနိုင်ငံတွေကို ပြောင်းရွှေ့ကျင်းပမယ်လို့လည်း အာဖရိက ဘောလုံးအဖွဲ့ချုပ်က ပြောဆိုပါတယ်။

၂၀၁၇ အာဖရိကဖလားကို လက်ခံကျင်းပခွင့်ရထားတဲ့ လစ်ဗျားနိုင်ငံကလည်း ပြည်တွင်းမငြိမ်သက်မှုတွေကြောင့် ကျင်းပခွင့်ကို ငြင်းပယ်ထားတာကြောင့် အိမ်ရှင်နိုင်ငံကိုလည်း ရွေးချယ်ရဦးမှာပါ။

အယ်လ်ဂျီးရီးယား၊ အီဂျစ်၊ ဂါဘွန်၊ ဂါနာ၊ ကင်ညာ၊ ဆူဒန်နဲ့ ဇင်ဘာဘွေနိုင်ငံတို့က ၂၀၁၇ အာဖရိကဖလားပွဲ ကျင်းပခွင့် တောင်းခံထားကြပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ