Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 18, 2014

အီဘိုလာကြောင့် သေဆုံးသူ ၄၅၀၀ ကျော်ပြီ

အီဘိုလာကြောင့် ကမ္ဘာတလွှား သေဆုံးရသူပေါင်း ၄၅၅၅ ယောက် ရှိသွား ပြီဖြစ်ပြီး ရောဂါဖြစ်ပွါးခဲ့သူပေါင်းက ၉၂၀၀ နီးပါးရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အတည်ပြု ပြောကြားပါတယ်။ သောကြာနေ့မှာ WHOက  နောက်ဆုံး ထုတ်ပြန် လိုက်တဲ့ စာရင်းထဲမှာ ဂီနီ၊ လိုင်ဘေးရီးယား နဲ့ ဆီယာလီယွန်း နိုင်ငံတွေ မှာ  နောက်ဆုံး သေဆုံးခဲ့တဲ့  ၉ ယောက်တော့ မပါဝင်ပါဘူး။

အစောပိုင်းတုန်းကတော့ ဆီနီဂေါနိုင်ငံမှာ အီဘိုလာ နဲ့ သေဆုံးခဲ့သူ တဦးရဲ့  နောက်မှာ  ၄၂ ရက်ကြာခဲ့တဲ့အထိ ထပ်မံသေဆုံးမှု မရှိခဲ့တဲ့အတွက်  WHO က ဆီနီဂေါနိုင်ငံကို  အီဘိုလာကင်းစင်တဲ့ နိုင်ငံအဖြစ် ကြေငြာခဲ့တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားကတော့  အမေရိကန်ပြည်ထောင်စုရဲ့ အီဘိုလာရောဂါပိုး တိုက်ဖျက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရာမှာ ထူးခြား လုပ်ဆောင်သူအဖြစ် အမေရိကန် ဒုသမ္မတ Joe Biden ရဲ့ အရာရှိဟောင်း Ron Klain ကို အမည်စာရင်းတင်သွင်း လိုက်ပါတယ်။

အနောက်အာဖရိက ကနေ အမေရိကန်ပြည်ထောင်စုကို လာရောက်မယ့် သူတွေကို တားမြစ်မယ့် ကိစ္စနဲ့ ပါတ်သက်ပြီး အမြင်ကျယ်ကျယ် ဖွင့်ထားဖို့  ဆန္ဒရှိကြောင်း သမ္မတအိမ်ဖြူကပြောပါတယ်။  အခုလိုတားမြစ်တာဟာ အမေရိကန်နိုင်ငံထဲ လာမယ့်သူတွေအတွက်  သူတို့ မှတ်တမ်းကို ဖြည့်ရာမှာ ပွင့်ပွင့် လင်းလင်း ရေးသားဖို့ နောက်တွန့်သွားနိုင်တယ်လို့ ယုံကြည်ကြောင်း လည်း ပြောပါတယ်။

ဒါ့ကြောင့် ဒါဟာ အမေရိကန် နိုင်ငံသားတွေ ရောဂါပိုးမကူးစက်အောင်လုပ်ဖို့ ကြိုးစားမှုကို အတော်ကြီး ရှုပ်ထွေးစေနိုင်တယ်လို့ ဆိုပါတယ်။



အီဘိုလာ ရောဂါသည်တွေကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ဆေးဝန်ထမ်းများ။ 


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ