Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 16, 2014

မြိတ်မြို့ အဝေးပြေးဝင်း ကာရာအိုကေနှင့် စားသောက်ဆိုင်ခန်း မီးလောင်

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု တောရကျောင်း ရပ်ကွက် အဝေးပြေးကားဝင်း ပထမလမ်းတွင် ဖွင့်လှစ် ထားသော `` ရွှေဖူးစာ ´´ ကာရာအိုကေနှင့် စားသောက်ဆိုင် အပေါ်ထပ်ရှိ အိပ်ခန်း အတွင်း ခြင်ဆေးခွေ ထွန်းညှိ ထားရာမှ သစ်သား ကြမ်းပြင်ကို မီးကူး စက် လောင်ကျွမ်းမှု ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ် ဖြစ်ပွားရာ ခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် အလျား ၁၂ ပေ၊ အနံ ၂၀ ပေရှိ ရွှေဖူးစာ ကာရာအိုကေ စားသောက်ဆိုင်ခန်းမှာ အပေါ်ထပ် သစ်သား ကြမ်းခင်းနှင့် အောက်ထပ်ရှိ သုံးထပ်သား ကာရံထားသော ကာရာအိုကေ အခန်း (၂)ခန်း၊ တီဗီ ၂ လုံးနှင့် ဆောင်းဘောက်များ၊ မီးလောင် ကျွမ်းသည့် အပြင် နဘေး အခန်းဖြစ်သည့် ရင်ခွင်သစ် ကာရာအိုကေ စားသောက်ဆိုင် အမိုးမျက်နှာကျက် အနည်းငယ် ပျက်စီးခဲ့သည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားရာသို့ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ရွှေညာမောင်နှင့် ရဲတပ်ဖွဲ့ဝင်များ ၊ မြိတ်ခရိုင် မီးသတ် ဦးစီးမှူးနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ၊ မီးသတ်ယာဉ် (၁၃) စီး တို့ ငြိမ်းသတ်မှုကြောင့် နံနက် ၉နာရီ ၁၅ မိနစ် အချိန်တွင် မီးညွန့်ကျိုးသွားပြီး ၉နာရီ ၂၀ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုး (၈)သိန်း (၄)သောင်း ခန့် ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာ အသုံးပြုသူ ရွှေဖူးစာ ဆိုင်တာဝန်ခံ ဒေါ်ခိုင်သဇင်အား မြိတ်မြို့မ ရဲစခန်းမှ (ပ) ၆၃၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ