Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 16, 2014

ကျွဲရောင်းသည့်ကိစ္စ မကျေနပ်ရာမှ တူဝရီချင်း လူသတ်မှု ဖြစ်ပွား

တောင်ငူ၊ အောက်တိုဘာ ၁၆

တောင်ငူမြို့နယ်၊ ကညင်မြောင်ကျေးရွာတဲစုတွင် အောက်တိုဘာလ (၁၁)ရက် နေ့နံနက်(၉)နာရီခွဲ အချိန်တွင် မိခင်ဖြစ်သူ ကျွဲရောင်းသည်ကို မကျေနပ်သည့် သားဖြစ်သူမှ လာရောက်ရန်ရှာစဉ် ဦးလေးဖြစ်သူက ဝင်ရောက်ဖျန်ဖြေရာမှ စကားများကာ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကညင်မြောင်ကျေးရွာတဲစုနေ ဒေါ်ရင်ရွှေသည် တောထဲမှနေ၍ ထင်းခွေပြီးပြန်လာခဲ့ရာ တဲရှေ့အရောက်တွင် ကျွဲရောင်းလိုက်သည်ကို မကျေမနပ်ဖြစ်နေသည့် သားဖြစ်သူ စိုးမင်းဦး (၂၉)နှစ် (ဘ)ဦးကိုကြီး ရောက်ရှိလာပြီး ရန်ရှာနေစဉ် ဦးလေးတော်သူ ဦးမောင်ပု(၄၅)နှစ် (ဘ)ဦးမောင်စိန်က ကြားမှ ဝင်ရောက်တားမြစ်ရင်း တစ်ယောက်တစ်ခွန်း စကားများခဲ့သည်။ စကားများပြီးနောက် နှစ်ဦးသားလုံးထွေးသတ်ပုတ်ရင်း စိုးမင်းဦးက လက်ထဲတွင် အသင့်ပါလာသည့် ဓါးဖြင့်ခုတ်ရန်ရွယ်လိုက်စဉ် ဒေါ်ယဉ်ရွှေမှ ဓါးကိုဝင်လုခဲ့ရာ ယာဘက်လက်ဖဝါး၌ ပြတ်ရှဒါဏ်ရာ (၁)ချက်ရရှိခဲ့သည်။

ထို့နောက် ဦးမောင်ပုမှ စိုးမင်းဦး လက်ထဲတွင် ရှိနေသည့် ဓါးကိုလုယူခဲ့ပြီး ပြန်ခုတ်ခဲ့၍ စိုးမင်းဦးတွင် ယာလက်ပြင် ပြတ်ရှဒါဏ်ရာ(၁)ချက်၊ ဝဲဘက်တစ်တောင်ဆစ် ပြတ်ရှဒါဏ်ရာ(၁)ချက်၊ ဝဲနားရွက်နောက် ပြတ်ရှဒါဏ်ရာ (၁)ချက်၊ ဝဲမျက်လုံးအပေါ် ပြတ်ရှဒါဏ်ရာ(၁)ချက်၊ ဝဲမျက်ခုံးအောက် ပြတ်ရှဒါဏ်ရာ(၁)ချက်ရရှိကာ သေဆုံးခဲ့၍ မိခင်ဖြစ်သူ ဒေါ်ရင်ရွှေက တရားလိုပြုလုပ် တိုင်တန်ခဲ့ရာ ကျွန်းကုန်းနယ်မြေရဲစခန်းမှ (ပ)၈၃/၂၀၁၄ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ