Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 27, 2014

အမေရိကန် ကုလသံအမတ်ကြီး ဂီနီရောက်

အီဘိုလာရောဂါ ကူးစက် ဖြစ်ပွား နေတဲ့ အနောက် အာဖရိက နိုင်ငံတွေဆီ သွားရောက်တဲ့ ခရီးစဉ်အဖြစ် ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Samantha Power ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ဂီနီနိုင်ငံကို ရောက်ရှိ သွားပါတယ်။ လူသေဆုံးစေတဲ့ အီဘိုလာ Virus တိုက်ဖျက်ရေးကို နိုင်ငံတကာက ပိုပြီး အားထုတ်လုပ်ကြဖို့ တွန်းအားပေးတဲ့ အနေနဲ့ အီဘိုလာ အဆိုးဆုံးဖြစ်နေတဲ့ နိုင်ငံတွေဆီ အမေရိကန် သံအမတ်ကြီး သွားရောက် နေတာဖြစ်ပါတယ်။

သံအမတ်ကြီး Power ဟာ အီဘိုလာရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်နေတဲ့ စင်တာတွေဆီသွားပြီး အီဘိုလာရောဂါကုသမှု အခြေအနေတွေကို သူကိုယ်တိုင်သွားကြည့်မှာဖြစ်ပါတယ်။ အစိုးရထိပ်တန်းတာဝန်ရှိသူတွေနဲ့လည်း ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးမှာဖြစ်ပါတယ်။ ဂီနီနိုင်ငံပြီးရင် သူဟာ  Sierra Leone နဲ့ လိုက်ဘေးရီးယားနိုင်ငံတွေဆီကို ခရီးဆက်မှာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုမှာတော့ အဲဒီနိုင်ငံ ၃ နိုင်ငံကနေ ရောက်လာလို့ အီဘိုလာကူးစက်နိုင်ခြေရှိနိုင်တဲ့သူတွေကို ၂၁ ရက်ကြာ သီးခြားခွဲထားဖို့ Illinois ပြည်နယ် အုပ်ချုပ်ရေးမှုးက အမိန့်ထုတ်ထားပါတယ်။ New Jersey နဲ့ New York ပြည်နယ်တွေမှာလည်း အလားတူ အမိန့် ထုတ်ပြန်ထားပါတယ်။

အီဘိုလာရောဂါသည်တွေနဲ့ တိုက်ရိုက် ထိတွေ့ခဲ့သူတိုင်းကို လေဆိပ်ရောက်လာတာနဲ့တင် ၂၁ ရက် သီးခြားခွဲထားမှာဖြစ်ပါတယ်။ Sierra Leone မှာ အီဘိုလာဖြစ်ပွားသူတွေကို ကုသပေးခဲ့ပြီး New Jersey Newark လေဆိပ်အရောက်မှာ အများနဲ့ သီးခြားခွဲခံထားရတဲ့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က သူနာပြုက သူ့ကို လေဆိပ်မှာ ပြုမှုဆက်ဆံတာတွေဟာ ရာဇဝတ်သားတယောက်ကို ဆက်ဆံသလို ခံစားရတယ်လို့ ပြောကြားခဲ့ပါတယ်။

ဘယ်သူကမှ သူ့ကို သေသေချာချာ ရှင်းပြတာမျိုး မရှိသလို စစ်ဆေးမေးမြန်းတဲ့ပုံစံတွေက အကျဉ်းသားတယောက်လို ခံစားခဲ့ရတယ်လို့ Dallas Morning News သတင်းစာကို သူနာပြုက ပြောခဲ့ပါတယ်။



ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power 


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ