Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 2, 2014

ဟောင်ကောင်ဆန္ဒပြသူများ အစိုးရ အင်တာနက်ဖြတ်ပါက စိုးရိမ်စရာမလို

ဟောင်ကောင် ဆန္ဒပြပွဲမှာ ပါဝင်နေတဲ့ သူတွေက တရုတ် အစိုးရရဲ့ အင်တာနက်၊ ဖုန်းလိုင်းတွေ ဖြတ်တောက် ရင်လည်း စိုးရိမ်စရာ မလိုဘဲ အချင်းချင်း အပြန်အလှန် မက်ဆေ့ခ်ျ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

ဖုန်းလိုင်း အင်တာနက်လိုင်းတွေ မရှိရင်လည်း ချိတ်ဆက်ကွန်ရက် ကနေတဆင့် မက်ဆေ့ခ်ျ ပေးပို့နိုင်မယ့် ဖိုင်းယားချတ်( Fire Chat) ဆော့ဝဲလ်ကို အသုံးပြုနေလို့ ဖြစ်ပါတယ်။

ဖိုင်းယားချတ်ဟာ အိုင်အိုအက်စ်နဲ့ အက်ဒရိုက် အပလီကေးရှင်းစနစ် ဖြစ်ပြီး စမတ်ဖုန်းနဲ့ တဘက်လက် တွေကို အသုံးပြုတဲ့ သူတွေက ဖုန်းနဲ့ အင်တာနက်မရှိလည်း အချင်းချင်း ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

ဖုန်းရဲ့ဘလူးတွတ် (Blue Tooth) ကနေတဆင့် ၉ မီတာအကွာကို မက်ဆေ့ပေး ပို့နိုင်တဲ့ NearBy ဆိုတဲ့ ဖန်ရှင်ကနေ အနီးအနားမှာ အလားတူ ဆော့ဝဲလ်သွင်းထားတဲ့ ဖုန်းတွေကို မက်ဆေ့ခ်ျ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ လူတွေအများကြီးမှာ ဒီဆော့ဝဲလ်ကို သွင်းထားမယ်ဆိုရင်တော့ ကွန်ယက် သဖွယ်ဖြစ်လာပြီး မက်ဆေ့ခ်ျတွေကို ဖြန့်ဝေနိုင်မှာ ဖြစ်ပါတယ်။

ဒီဆော့ဖ်ဝဲလ်ဟာ နိုင်ငံရေးမတည်ငြိမ်တဲ့ အချိန်နဲ့ သဘာဝ ဘေးအန္တရာယ်တွေ ရင်ဆိုင်နေရတဲ့ အချိန်တွေမှာ အသုံးပြုဖို့ အသင့်တော်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆော့ဝဲလ်ကို အိုပင်းဂါးဒင်း (Open Garden)က တီထွင်ခဲ့တာဖြစ်ပြီး ၂၀၁၄ အီရတ်မှာ အိုင်အက်စ် အိုင်အက်စ်တွေရဲ့ ဆက်သွယ်မှုကို ကန့်သတ်ဖို့ အစိုးရက လုပ်ဆောင်ခဲ့ပြီး တဲ့နောက် သောင်းနဲ့ချီတဲ့လူတွေက စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဆာ့ဝဲလ်ဟာ အင်တာနက်မှာ အခကြေး ငွေပေးစရာမလိုဘဲ ဒေါင်းလုပ်လုပ်ယူကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဟောင်ကောင်မှာ ဒီဆော့ဖ်ဝဲလ်ကို တရက်အတွင်း လူ ၁ သိန်းကျော် ရယူအသုံးပြုခဲ့ပါတယ်။ ဆန္ဒပြ ကျောင်းသားခေါင်းဆောင်တွေကလည်း ဒီဆော့ဖ်ဝဲလ်ကို အသုံးပြုဖို့ ထောက်ခံနေပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ