ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား
နှစ်ဦးကို သတ်ဖြတ်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့
ကိုဇော်လင်းတို့ဟာ ဒီနေ့ မိဘတွေနဲ့ တွေ့ဆုံခဲ့ရာမှာ သူတို့ မသတ်ကြောင်း
ထပ်မံ ပြောဆိုလိုက်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့က စကားပြန်နဲ့ သူတို့ကို စစ်ဆေးခဲ့စဉ်က
ရိုက်နှက်ညှင်းပန်းပြီး အဓမ္မထွက်ဆိုစေခဲ့တာဖြစ်ကြောင်း ပြောတယ်လို့
ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက်က ပြောပါတယ်။
သူတို့သားတွေနဲ့ တွေ့ဆုံဖို့ ထိုင်းနိုင်ငံခရီးစဉ်တစ်လျှောက်
အဆင်ပြေချောမွေ့ခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကလည်း
ဒီနိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် သူ့မှာလည်း တာဝန်ရှိတာမို့
ဒီအမှုကို အမှန်ကန်ဆုံးဖြစ်အောင် လုပ်ဆောင်ပေးမယ်လို့ စွပ်စွဲခံထားရတဲ့
မြန်မာနှစ်ဦးရဲ့ မိဘတွေကို အားပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment