Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 27, 2014

ခိုတောင်းကျွန်းလူသတ်မှု ဗြိတိန်ရဲ စုံစမ်းရေး စတင်

ထိုင်းနိုင်ငံ ခိုတောင်းကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ဗြိတိန်ရဲတပ်ဖွဲ့က စနေနေ့က အဲ့ဒီကျွန်းကို စတင်သွားရောက် စုံစမ်းစစ်ဆေးခဲ့ကြောင်း Bangkok Post သတင်းက ဖော်ပြပါတယ်။

ဗြိတိန် မှုခင်းဆေးပညာရှင်တစ်ဦးနဲ့ ရာဇဝတ်မှု အခင်းအကျင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးတို့နဲ့အတူ ထိုင်းရဲချုပ်ရဲ့အကြံပေးပုဂ္ဂိုလ်နဲ့ ထိုင်းရဲတပ်ဖွဲ့ အကြီးတန်းအရာရှိတစ်ဦးတို့ဟာ စနေနေ့က ဘန်ကောက်ကနေ ခိုတောင်းကျွန်းကို ရဟတ်ယာဉ်နဲ့သွားရောက် စစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။

စုံစမ်းရေးအဖွဲ့ဟာ အခင်းဖြစ်ပွားရာနေရာနဲ့ အနီးတဝိုက်ကနေရာတွေ၊ သေဆုံးသူ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်မခံရခင်ရှိခဲ့တဲ့ AC Bar နဲ့ ဗြိတိန်နိုင်ငံသားရဲ့ လက်ကိုင်ဖုန်း တွေ့ရှိခဲ့ရာ နာရီစင် စတဲ့နေရာတွေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး၊ ဓါတ်ပုံတွေရိုက်ကူး၊ အချက်အလက်တွေ မေးမြန်းခဲ့ကြပါတယ်။ အဲ့ဒီနောက် ဘန်ကောက်ကိုမပြန်ခင် ခိုတောင်း စည်ပင်သာယာရုံးမှာ တံခါးပိတ်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ် တချို့ကတော့ အဲ့ဒီ ဗြိတိန် ကျွမ်းကျင်သူနှစ်ဦးနဲ့အတူ စကော့တလန်ယာဒ်အဖွဲ့က လာတဲ့ ရဲသုံးယောက်တို့ ခိုတောင်ကျွန်းမှာ ပူးပေါင်းခဲ့ကြတယ်လို့ ပြောဆိုကြောင်း Bangkok Post က ဖော်ပြပါတယ်။

ဗြိတိန်ရဲတွေဟာ လျို့ဝှက်လာရောက် စုံစမ်းခဲ့ကြတာဖြစ်ပြီး၊ သူတို့ရဲ့စုံစမ်းမှုမှာ ဒေသခံရဲတွေ မပါဝင်သလို၊ သူတို့လာရောက်စုံစမ်းသွားခဲ့တာကို ခိုတောင်း မြို့တော်ဝန်တောင် မသိလိုက်ဘူးလို့ ဆိုပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့က အီတလီနိုင်ငံ မီလန်မြို့မှာ ကျင်းပခဲ့တဲ့ အာရှ ဥရောပ ဆွေးနွေးပွဲမှာ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ခိုတောင်းကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေအပေါ် ဗြိတိန်ရဲတပ်ဖွဲ့အနေနဲ့ လေ့လာခွင့်ပြုဖို့ တောင်းဆိုခဲ့ရာမှာ ထိုင်း အာဏာသိမ်း စစ်အစိုးရ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက သဘောတူညီခဲ့ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ