Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 5, 2014

ဗြိတိသျှစုံတွဲ အသတ်ခံရမှု လွတ်လပ်သည့် စုံစမ်း စစ်ဆေး မှုများ ပြုလုပ်ရန် မြန်မာ အလုပ်သမား အဖွဲ့ တောင်းဆို

ဗြိတိသျှ စုံတွဲ ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပက်သက်လို့ တရားစွဲဆို ခံထားရတဲ့ မြန်မာ ၂ ဦးအပေါ်မှာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ မြန်မာအလုပ်သမား အဖွဲ့တခုက တောင်းဆိုထားကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းရဲတွေဟာ လူသတ်မှုအတွက် အစွပ်စွဲခံရတဲ့ မြန်မာအလုပ်သမား ၃ ဦးကို စစ်ဆေးတဲ့ အခါမှာ ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းအခြေစိုက် နိုင်ငံခြားသတင်းထောက် Andrew Drummond က မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာအဖွဲ့က တာဝန်ရှိသူ ကိုးကားပြီး ရေးသားထားတာကို ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကတော့ မြန်မာ ၂ ဦးရဲ့ ဒီအန်အေ စစ်ဆေးချက်တွေမှာ သေဆုံးသူ ၀ှစ်သာရစ်ရဲ့ ကိုယ်ပေါ်မှာ တွေ့ရတဲ့ ဒီအန်အေ နမူနာတွေနဲ့ ကိုက်ညီပြီး ၀န်ခံထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာအလုပ်သမား နှစ်ယောက် သတ်တယ်ဆိုတာကို မယုံကြည်နိုင်တဲ့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့နဲ့ ထိုင်းရဲတပ်ဖွဲ့က အတည်ပြုထားတဲ့ ဒီအန်အေ အပေါ်မှာမှာလည်း စစ်ဆေးမှုတွေ လုပ်ဖို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့က မြန်မာသံရုံးကို တောင်းဆိုထား ပါတယ်။

ဘန်ကောက် မြန်မာသံရုံးက ကိုယ်စားလှယ်အဖွဲ့ဟာ အစွပ်စွံခံရသူတွေနဲ့ ဒီကနေ့ အောက်တိုဘာ ၅ ရက်နေ့မှာ သွားရောက် တွေ့ဆုံမေးမြန်းမှာ ဖြစ်ပါတယ်။

လူသတ်မှု တရားခံဟာ မြန်မာ နိုင်ငံသား မဟုတ်ဘူးလို့ ထိုင်း ပညာတတ် အသိုင်းအ၀န်းနဲ့ နိုင်ငံခြားသားတွေ ယုံကြည်ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြတဲ့ သတင်းအောက်က မှတ်ချက်တွေမှာ ရေးသားထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ