Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 3, 2014

နိုင်ငံသားဖြစ်သူသာ ပါတီထောင်ခွင့်ရမည့် ဥပဒေ သမ္မတ ထုတ်ပြန်

နိုင်ငံသားဖြစ်သူသာ ပါတီ ထောင်ခွင့်ရမယ့်  နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို စက်တင်ဘာ ၃၀ ရက်ရက်စွဲနဲ့  သမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတယ်။

ဥပဒေ နာမည်အပြည့်အစုံက နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေဖြစ်ပြီး ဒီဥပဒေအရ နိုင်ငံသား ဖြစ်သူတွေသာ ပါတီ ထောင်ခွင့်ရတော့ မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ ညွှန်ကြားရေးမှုး ဦးသောင်းလှိုင်က ပြောပါတယ်။

“နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်းဆိုပြီး ပါတယ်။ အခုအရဆို ရှင်းရှင်းလေးပဲ၊ နိုင်ငံသားတမျိုးပဲ တည်ထောင်သူထဲမှာ ပါတယ်။ သူက မှတ်ပုံတင်ကတ်ဆိုရင် ၄ ကတ် ရေးထားတာ။ အခု တကတ်ပဲ ရေးမယ်။ နောက်တခုက ပါတီဝင်ခွင့်ကျတော့ မူလ ၄ ယောက်ရှိတယ်။ အဲထဲမှာ နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း ဆိုတဲ့ ဒီပုဂ္ဂိုလ် နှစ်ခုတည်း ပါတီဝင်ဖြစ်ခွင့်ရှိတယ်။ ၁၀ က မှာ မူလက ပါတီဝင်များကို စည်းရုံးရာတွင် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများကိုသာ ပါတီဝင်အဖြစ် စည်းရုံးလို့ရမယ်ဆိုပြီး ပြောထားတယ်။ ခုနက ၄ မျိုးပေါ့။ အခုက ၂ မျိုးပဲ ရှိတော့တယ်။ နိုင်ငံသားနဲ့ နိုင်ငံသား ပြုခွင့်ရသူ ဖြစ်ခြင်းဆိုတဲ့ ဒီနှစ်ယောက်ပဲ စည်းရုံးလို့ရတယ်။ မူလက တည်ထောင်တဲ့ထဲမှာ နိုင်ငံသားတွေရော၊ ဧည့်နိုင်ငံသားတွေရောနဲ့ နိုင်ငံသားပြုခွင့်ရသူတွေနဲ့ပါနေရင် နိုင်ငံသားတွေနဲ့ ပြန်လုပ်ပါ၊ ပြန်ပြီး အစားထိုးလဲလှယ်ပါ။ ဒါကတော့ကျနော်တို့ သူတို့ကို အချိန်ပေးရမယ်။”

သမ္မတလက်မှတ်ထိုးထုတ်ပြန်လိုက်တဲ့ အခု ဥပဒေအရ ရွေးကောက်ပွဲကော်မရှင်နည်းဥပဒေကို ဒီဥပဒေနဲ့အညီ ပြန်လည်ပြင်ဆင်ရေးဆွဲရမယ်လို့လည်း ညွှန်မှုး ဦးသောင်းလှိုင်က ပြောပါတယ်။

ရန်ကုန်က  ဥပဒေရေးရာကျွမ်းကျင်သူ တရားလွှတ်တော်ချုပ်ရှေနေ ဦးကိုနီက မြန်မာနိုင်ငံမှာ  နိုင်ငံသားဆိုတာကို အမျိုးအစားအများကြီးခွဲခြားထားလို့  သမ္မတ အခုလက်မှတ်ထိုးထုတ်တဲ့ ဥပဒေသစ်ဟာက အရာရာကို ခြုံငုံမိပါ့မလားလို့ မေးခွန်းထုတ်ပါတယ်။

“ကျနော်တို့တိုင်းပြည်မှာ နိုင်ငံသားနဲ့ ပတ်သက်ရင် ပြောစရာတွေက အတော်လေးရှိနေတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိတည်ဆဲဥပဒေက ၁၉၈၂ နိုင်ငံသားဥပဒေ။ အဲဒီဥပဒေမှာ နိုင်ငံသားအမျိုးအစားကို အများကြီးပဲ ခွဲထားတယ်။ တိုင်းရင်းသားမှ ဖြစ်သော နိုင်ငံသား၊ ဥပဒေအရဖြစ်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နောက် သံသယနိုင်ငံသားဆိုပြီး ၅ မျိုးခွဲထားတယ်။ အဲလိုခွဲထားတဲ့အပြင် လက်ရှိအခြေခံဥပဒေ ပုဒ်မ ၁၂၀ မှာ ရွေးကောက်ပွဲ ၀င်လို့ရတဲ့ နိုင်ငံသားနဲ့ ၀င်လို့မရတဲ့ နိုင်ငံသားဆိုပြီး ထပ်ခွဲပြန်သေးတယ်။ ဒါ့အပြင် ပုဒ်မ ၅၉ မှာ သမ္မတဖြစ်ချင်ရင် သမ္မတဖြစ်လို့ရတဲ့ နိုင်ငံသားနဲ့ သမ္မတဖြစ်ခွင့်မရှိတဲ့ နိုင်ငံသား စသဖြင့် နိုငငံသားကို အမျိုးအစား မြောက်မြားစွာ ခွဲခြားထားတော့ အခု သမ္မတကြီး လက်မှတ်ထိုးထုတ်လိုက်တဲ့ ဥပဒေကကော အရာရာကို ခြုံမိငုံမိရဲ့လားဆိုတာ မေးစရာဖြစ်လာတယ်။”

လက်ရှိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၁၉၈၉ခုနှစ်က ပြဋ္ဌာန်းထားတဲ့ ဥပဒေအပေါ် အခြေခံပြီး ၂၀၁၀ ခုနှစ်မှာ ထုတ်ပြန်ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။






ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ