Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 18, 2014

တောင်ကြီးတွင် မြေထိန်းနံရံပိ အိမ်ပြို လူ ၅ ဦး သေဆုံး

တောင်ကြီးမြို့မှာ မနေ့ညက မိုးသည်းသည်း ထန်ထန်ရွာပြီး မြေထိန်းနံရံ နဲ့ အိမ်ပြိုကျလို့ လူ ၅ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ အရှေ့ပင်စင်ရပ် (ကျောင်းကြီးစုရပ်ကွက်၊ ခွာညိုလမ်း) မှာ အောက်တိုဘာ ၁၇ ရက်နေ့ ညနေ ၅ နာရီလောက်က တောင်ကမ်းပါးယံမှာ ကာရံထားတဲ့ အုတ်တံတိုင်း အိမ်ပေါ်ကို ပြိုကျပြီး လူ ၅ ဦး နေရာမှာတင် သေဆုံးခဲ့သလို ဒဏ်ရာရသူ ၃ ဦးကို ဒဏ်ရာရပြီး တောင်ကြီးဆေးရုံကို ပိုဆောင်ထားတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။

သေဆုံးသူ ၅ ဦးဟာ ညီမဖြစ်သူရဲ့ တနှစ်ပြည့်ဆွမ်းသွပ်ပွဲကိုလာရင်း အိမ်ပိရာမှာ သေဆုံးခဲ့ကြတာလို့ သေဆုံးသူတွေရဲ့ အစ်မကြီး အသက် ၆၇ နှစ်အရွယ် ဒေါ်နန်းနွန်းက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ညီမအရင်း ၃ ဦး၊ မောင်အရင်း ၁ ဦးနဲ့၊  ယောက်မ တော်စပ်သူ တဦး ဖြစ်တယ်လို့ ဒေါ်နွန်းက ပြောပါတယ်။

မြေပြိုမှုမဖြစ်ခင် မိနစ် ၂၀ ခန့် အပြင်ကို ထွက်လာလို့ လွတ်ခဲ့ရသူ ဒေါ်နန်းနွန်းက ပြောပါတယ်။

“ညီမဆုံးသွားတော့ တနှစ်ပြည့်ဆွမ်းသွပ်ဆိုပြီးတော့လာကြတာ မောင်နှမတွေ၊ သူတို့တွေရဲ့ နောက်ဘက်မှာ အုတ်တံတိုင်းကြီး၊ တောင်ကြီးကလည်း မိုးတအားရွာတာ။ အဒေါ် အဲဒီအိမ်ကနေ ထွက်လာတာ မိနစ် ၂၀ လောက်ပဲရှိမယ်၊ အဲဒီမှာ မိုးကြိုးပစ်သံကြားတယ်၊ အသံတော့ကြားတယ် ဘာမှန်းမသိဘူး။ နာရီဝက်လောက်ကြာတော့ ကောင်လေးတယောက် မိုးရေထဲမှာ လာတယ် သူလည်းထိတယ်။ အောက်မှာ လာကြည့်ပါဦးတဲ့၊ အုတ်တံတိုင်းပြိုကျလို့ အိမ်ကလည်း ပြားနေပြီတဲ့၊ လာကယ်ပါဦးဆိုလို့ အဲဒီကောင်လေးကလည်း ပြန်မထနိုင်တော့ဘူး၊ ပြန်မဆင်းနိုင်တော့ဘူး။”

ဆေးရုံမှာ ကလေးတွေကို သွားစောင့်ရှောက်နေတဲ့ အမျိုးသမီးတဦးက ၁၇ နှစ်အရွယ်အမျိုးသမီးငယ်ဟာ လက်ကျိုးသွားပြီး ၁၄ နှစ်အရွယ် ယောက်ျားလေးနဲ့ မိန်းကလေးငယ် ၂ ဦးကတော့ ခြေထောက်မှာ ဒဏ်ရာရသွားတယ်လို့ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်နဲ့တောင်ကြီမြို့က တာဝန်ရှိသူတွေကို ဆက်သွယ်လို့ မရသေးပါဘူး။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ