
ထိုပွဲစဉ်တွင် ဆလိုဗက်ကီးယား အသင်းသည် ပွဲချိန် ၁၈ မိနစ်တွင် သွင်းယူခဲ့သော ကူကာ၏ဂိုးဖြင့် ဦးဆောင်နိုင် ခဲ့ပြီး စပိန်အသင်းက မိနစ် ၈၂ တွင် လူစားဝင် ကစားသမား အယ်လ်ကာဆာ၏ဂိုးဖြင့် ပြန်လည် ချေပနိုင်ခဲ့သည်။ သို့သော် ပွဲပြီးခါနီးတွင် ချယ်လ်ဆီးကစားသမားဟောင်း မီရိုဆလက်ဗ်စတော့ခ်ျကဆလိုဗက် ကီးယားအတွက် အနိုင်ဂိုးသွင်းယူခဲ့သောကြောင့် စပိန်အသင်းမှာ ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။
ဆလိုဗက်ကီးယား အသင်းသွင်း ယူခဲ့သည့် ပထမဂိုးတွင် ဂိုးသမားကာဆီးလက်စ်ကို အပြစ်တင်ခဲ့ကြပြီး စပိန်အသင်း၏ပထမ ဂိုးသမားနေ ရာအတွက် မေးခွန်း ထုတ်မှုများရှိနေသော်လည်း ဒဲလ်ဘော့စကေားက ၎င်း၏ကစားသမားကို ကာကွယ် ပြောဆိုခဲ့သည်။
“ပထမဂိုးမပေး ရခင်ကတည်းက ကာဆီးလက်စ်ဟာ ကောင်းမွန်တဲ့ ကာကွယ်မှု တွေကို ပြုလုပ်ခဲ့တာပါ။ ပထမဂိုးကို ကျွန်တော်ရှင်းရှင်းလင်းလင်း မမြင်လိုက်ရ ပါဘူး။ ဘောလုံးလာတဲ့ပုံစံက ပုံမှန်မဟုတ်ဘဲ ကာဆီးလက်စ်အတွက် ဇဝေဇ၀ါဖြစ်သွား စေတာကြောင့် ဂိုးပေးလိုက်ရတာပါ” ဟုဒဲလ်ဘော့စကေးကပြောသည်။
ထို့နောက်တွင် ၎င်းက ယခုရလဒ်ကို မျှော်လင့် မထား ခဲ့ကြောင်းဝန် ခံခဲ့ပြီး ဂိုးမ သွင်းနိုင် ခဲ့သည့် တိုက်စစ်မှူး ဒီယေဂို ကော်စတာ ကိုလည်း ကာကွယ် ခဲ့သည်။ “ဒီရလဒ်က ကျွန်တော်မျှော်လင့်မထားတဲ့ရလဒ်ပါ။ လက်မခံနိုင်စရာပါပဲ။ အနည်း ဆုံးသရေ လောက်တော့ ရသင့်ပါတယ်။ ဒီထက် ပိုပြီးလည်း ဂိုးတွေရ ခဲ့သင့်ပါ တယ်။ ကျွန်တော်တို့ရဲ့ တိုက်စစ်ဆင်ဖိကစားမှုကပဲ ကျွန်တော်တို့ကိုဒုက္ခပေးသွားခဲ့တာပါ။ ဘောလုံးပြိုင်ပွဲဆိုတာကဒီလိုပါပဲ။ကစားသမားတွေကိုအပြစ်တင်ဖို့မ ရှိသလို အသင်းရဲ့ ကစားပုံက ဆိုးရွားတယ်လို့လည်း မထင်ပါဘူး” ဟု ဒဲလ်ဘော့စကေးက ပြောသည်။
ထို့နောက် ဆက်လက်ပြီး “ကော်စတာဟာ စိတ်အား ထက်ထက်သန်သန်နဲ့ ကစားခဲ့ပါတယ်။ အသင်းအတွက် သူ့ရဲ့စွမ်း ဆောင်ရည်နဲ့ စပိန် အသင်းမှာ သူပါဝင် လာတဲ့ အတွက် ကျွန်တော်တို့ ၀မ်းမြောက်မိပါတယ်။ ဒီနေ့မှာ တစ်သင်းလုံးရုန်းကန်ခဲ့ရတာပါ။ ကော်စတာတစ်ယောက်တည်း မဟုတ်ပါဘူး။ စပိန်တစ်သင်းလုံး ရှုံးခဲ့တာပါ။ တစ်ဦးတစ်ယောက်တည်း ရှုံးတာ မဟုတ်ပါဘူး” ဟု စပိန်နည်းပြကြီးက ဆိုခဲ့သည်။



































No comments:
Post a Comment