Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 10, 2014

စစ်အာဏာရှင်စရိုက် ပျောက်အောင် ဘာလုပ်ကြမလဲ


88
လွန်ခဲ့တဲ့ ၂၆ နှစ်  ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်မှာ စစ်တပ်က အာဏာ သိမ်းခဲ့ပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာ ၂၃ နှစ်ကြာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ စစ်ခေါင်းဆောင်အများစုနဲ့ပဲ အရပ်သားအစိုးရဆိုပြီး ဆက်လက်အုပ်ချုပ်နေခဲ့တာ ဒီနေ့ချိန်ထိ ဖြစ်ပါတယ်။
ဒီနေ့ချိန်ထိလည်း စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေ တွေ့မြင်နေရတုန်း၊ စစ်အာဏာရှင်အငွေ့အသက်တွေ လွှမ်းခြုံထားတုန်း ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(အန်ဒီအက်ဖ်) ခေါင်းဆောင် ဦးခင်မောင်ဆွေ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(အန်ဒီအက်ဖ်) ခေါင်းဆောင် ဦးခင်မောင်ဆွေ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(အန်ဒီအက်ဖ်) ခေါင်းဆောင် ဦးခင်မောင်ဆွေက စစ်အာဏာရှင် စရိုက်လက္ခဏာကို ဖျောက်ချင်ရင် ပြည်တွင်းငြိမ်းချမ်းရေး ရအောင် လုပ်ရမယ်လို့ ပြောပါတယ်။
“မြန်မာ့နိုင်ငံရေး ပြဿ   နာကို ရှင်းချင်တယ်။ အာဏာရှင်စရိုက် လက္ခဏာကို ဖျောက်ချင်တယ် ဆိုရင် ငြိမ်းချမ်းရေးကို အောင်မြင်အောင် ဆွေးနွေးပါ။ ပြီးရင် ဖက်ဒရယ်ပုံစံ ရှိတဲ့ ပြည်ထောင်စုတခုကို အမြန်ဆုံး ဖော်ဆောင်လိုက်ပါ။ အဲဒါဆိုရင် ပြည်နယ်ရဲ့ အချုပ်အခြာအာဏာက ပြည်နယ်မှာ ရှိမယ်။ တိုင်းရဲ့ အချုပ်အခြာအာဏာက တိုင်းမှာ ရှိမယ်။ ဘယ်သူကမှ လာပြီး အာဏာနဲ့ အုပ်စိုးချင်လို့ မရတော့ဘူး။ နယ်စပ်တွေမှာလည်းပဲ ပြည်နယ်တွေရဲ့ အချုပ်အခြာ အာဏာကို ဆိုင်ရာ ပြည်နယ်ရဲ့ လုံထိန်းတွေ ရဲတပ်ဖွဲ့တွေက ဒါတွေကနေပြီး ကိုယ့်ပြည်နယ်မှာ ကိုယ်ထိန်းဖို့ အခွင့်အာဏာ ရသွားမယ်။ တိုင်းနဲ့ ပြည်နယ်တွေ မှာ လွှတ်တော်ထဲက ဥပဒေပြုပြီးတော့ ကိုယ့်သယံဇာတတွေကို ဘယ်လို ခွဲဝေထုတ်ယူ သုံးစွဲမယ်ဆိုတာကို ပြည်ထောင်စုအစိုးရနဲ့ ခွဲတမ်းချပြီး သုံးဖို့ဟာ အာဏာကို ခွဲဝေလက်ခံ ကျင့်သုံးတဲ့အဆင့်အထိ သွားမယ်ဆိုရင် အာဏာနဲ့အုပ်ချုပ်တဲ့ ဗဟိုက ချုပ်ကိုင်ပြီး အမိန့်ပေးဟာ ပျောက်သွားပြီးတော့ ၀န်ကြီးကဏ္ဍတွေရဲ့ အခန်းကဏ္ဍဟာလည်းပဲ ၀န်ကြီးတွေဟာ စည်းကမ်း စည်းမျဉ်းတွေကို ထိန်းမတ်ပြီးသွားတဲ့ အဆင့်ပဲရှိပြီးတော့ အာဏာပေးတဲ့အဆင့် ပျောက်ပြီးတော့ ပြည်နယ်နဲ့ တိုင်းတွေမှာ ကိုယ့်အချုပ်အခြာအာဏာကို ပြည်နယ်နဲ့ တိုင်းက လူတွေ တကယ်တမ်း ကိုင်တွယ် ကျင့်သုံးနိုင်ခွင့် ရှိရင် ဥပဒေရဲ့ အကျိုး သက်ရောက်မှုကို ခံစားရမယ်ဆိုရင် ဗဟိုချုပ်ကိုင်မှုမရှိတော့ရင် စစ်အာဏာရှင် ဆိုတဲ့ဟာက လျော့ကျသွားမှာပဲ။”
၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးကတော့ စစ်အာဏာရှင်အငွေ့အသက်တွေ ပျောက်ဖို့ သူတို့မှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။
၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေး
၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေး
“ကျနော် မြင်တာက ခေတ်အဆက်ဆက်ပြည်သူတွေက တာဝန်ကျေခဲ့ပါတယ်။ ပြည်သူလူထုကို ဦးဆောင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းပဲ ဆိုဆို၊ ကျနော်တို့လို အဖွဲ့အစည်းပဲဆိုဆို နိုင်ငံရေးပါတီတွေပဲ ဆိုဆို ကျနော်တို့ အားလုံးမှာ တာဝန်ရှိ ပါတယ်။ ပြည်သူလူထုအနေနဲ့တော့ ဆိုင်ရာ သမိုင်းပေးတဲ့တာဝန်တွေကို အဆက်ဆက်က ပါဝင် ပူးပေါင်းဆောင်ရွက်လို့ တာဝန်ကျေသွားခဲ့ပြီဖြစ်ပါတယ်။ ခုလည်း ဆက်လက်ပူးပေါင်း ပါဝင်ဆောင်ရွက်နေပါတယ်။ ကျနော်တို့မှာပဲ တာဝန်ရှိတာပါ။ ကျနော်တို့ ပြုပြင်ပြောင်းလဲရေး တွေနဲ့ ပတ်သက်ပြီးတော့ အရှိန်အဟုန်မြှင့်ပြီးတော့ တိုးမြင့်လုပ်ကိုင်ဆောင်ရွက်သွားဖို့ အစိုးရကို တိုက်တွန်းရလိမ့်မယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ဖန်တီးယူရလိမ့်မယ်။ ”
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်မှ စစ်တပ်စိုးမိုးမှု လျော့ကျနိုင်တယ်လို့ သုံးသပ်ပါတယ်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်း
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်း
“ဖွဲ့စည်းပုံပြင်ဖို့ အရေးကြီးတယ်။ ဖွဲ့စည်းပုံ ဘယ်သူပြင်မလဲဆိုတော့ လွှတ်တော်ကပဲ ပြင်ရမှာ။ လွှတ်တော်မှာ မပြင်နိုင်သရွေ့ ဒါက ဘယ်လိုမှ ဖြစ်မလာဘူး။ လွှတ်တော်မှာ ပြင်ဖို့ဆိုတာက ဒီမိုကရေစီကို လိုလားတဲ့ အင်အားစုတွေ အင်နဲ့အားနဲ့ လွှတ်တော်ထဲ ရောက်လာဖို့ လိုတယ်။ နောက်တချက် တပ်မတော်သား စစ်တပ်ကိုယ်တိုင်က ဒီမိုကရေစီလမ်းကြောင်းကို ကာဆီးထားတဲ့အခြေအနေမျိုး မဟုတ်ဘဲ ဖွင့်ပေးဖို့ လိုတာပေါ့။ ဖွဲ့စည်းပုံအရ ငါတို့က ပါမှပဲ ဒီဖွဲ့စည်းပုံ ပြင်လို့ရမယ်ဆိုတာမျိုးမဟုတ်ဘဲ ပြည်သူ့အသံကို နားထောင်ပြီးတော့ ပြည်သူ့တပ်မတော်သားပီပီ၊ ပြည်သူက မွေးဖွားလာတဲ့ တပ်မတော်သားပီပီ အချိန်အခါတခုရောက်ရင်တော့ ရာနှုန်းတခုခု လျှော့ရင်ပဲဖြစ်ဖြစ်၊ အဲဒီကတဆင့် တပ်မတော်သားတွေရဲ့ ပုံရိပ်တွေ လွှတ်တော်ထဲမှာ မရှိအောင် ရုပ်သိမ်းပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ အဓိက လွှတ်တော်က ပြင်ရမှာဖြစ်ပါတယ်။ ပြင်တဲ့အထဲမှာ တပ်မတော်သားကိုယ်စားလှယ်တွေက အများကြီး အရေးကြီးပါတယ်။ ကိုယ့်အချိန်အခါနဲ့ နောက်ဆုတ်ပေးမယ်ဆိုတဲ့ အသိစိတ်ဓာတ် သူတို့ထဲမှာ ရောက်လာရင်တော့ အကောင်းဆုံးပေါ့။ ဒါမှမဟုတ်ဘဲ ဘယ်တော့မှ မဆင်းပေးဘူးဆိုရင်တော့ ရှေ့လျှောက် ပြဿနာတွေ အများကြီးဖြစ်လာနိုင်တာပေါ့။”
ဖက်ဒရယ်ပြည်ထောင်စုပါတီ (အက်ဖ်တီယူ) ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်ကတော့ ဖွဲ့စည်းပုံပြင်ဖို့ ကြန့်ကြာနေတုန်း စစ်တပ်က အရပ်ဘက်ပြောင်းတာ ချက်ချင်းရပ်တန့်လိုက်ရင် စစ်အာဏာရှင်စရိုက် ပျောက်သွားနိုင်တယ်လို့ ဆိုပါတယ်။
က်ဒရယ်ပြည်ထောင်စုပါတီ (အက်ဖ်တီယူ) ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်
က်ဒရယ်ပြည်ထောင်စုပါတီ (အက်ဖ်တီယူ) ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်
“တပ်မတော်ကနေ အကြောင်းအမျိုးမျိုးကြောင့် ၀န်ကြီးဌာနဆိုင်ရာအားလုံးကို ကူးပြောင်းတာကို အမြန်ဆုံးရပ်သင့်တယ်လို့ ကျနော်ယူဆတယ်။ ဌာနဆိုင်ရာအားလုံးမှာ အရာရှိမှန်သမျှနဲ့ အရာရှိနဲ့အရာရှိအထက် အားလုံးလိုလိုဟာ အကြောင်းအမျိုးမျိုးနဲ့ ပင်စင်ယူပြီး ကူးပြောင်းလာတဲ့ လက်ရှိဝန်ထမ်းတွေဖြစ်တယ်။ အထူးသဖြင့် ဗျူရိုကရက်တွေမှာ အားလုံး နီးနီးဟာ တပ်မတော်က အသွင်ကူးပြောင်းလာတဲ့သူတွေ ဖြစ်တယ်။ နိုင်ငံ ဖွံ့ဖြိုး တိုးတက်စေချင်ရင် တပ်မတော်သားများဟာ ဌာနဆိုင်ရာမှာ ၀င်ပြီး စီမံခန့်ခွဲ အုပ်ချုပ်တာမျိုးကို အဲဒီအစား ကျွမ်းကျင်တဲ့ ပညာရှင်တွေ သူ့လိုင်းနဲ့သူ၊ သူ့ဘာသာရပ်နဲ့သူ၊ သူ့ဌာနနဲ့သူ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ တက်ပြီးတော့ စီမံခန့်ခွဲတာကို ကျနော်တို့ ပိုပြီးတော့ နှစ်သက်တယ်။ ဒါဆိုရင် ဗျူရိုက်ကရက်တွေအားလုံးရဲ့ အာဏာရှင်ဆန်တဲ့ဟာတွေ ပျောက်သွားနိုင်မယ်။”


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ