Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 2, 2014

ဟောင်ကောင်ဆန္ဒပြပွဲ စီစဉ်သူတဦးက အများပြည်သူ အသွားအလာ အနှောက်အယှက်ဖြစ်မှု တောင်းပန်

ဟောင်ကောင်ဆန္ဒပြပွဲ စီစဉ်သူတွေထဲက တယောက်က ဒီမိုကရေစီရေး လိုလားတဲ့ လူထု ဆန္ဒပြပွဲ တွေကြောင့် အများ ပြည်သူ အသွားအလာ အနှောက်အယှက် ဖြစ်မှု အတွက် အောက်တိုဘာ ၁ ရက်နေ့က တောင်းပန် လိုက်ပါတယ်။

ဟောင်ကောင် အုပ်ချုပ်ရေးမှူး လျန်ချန်းယင် ရာထူးက နုတ်ထွက်ဖို့နဲ့ အခြေခံ ဥပဒေအရ ပြုပြင် ပြောင်းလဲ ရေးကို ချင့်ချိန်သုံးသပ်ဖို့ ထပ်ပြီး တောင်းဆို လိုက်ပါတယ်။

ကျန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက်တွေက မတည်ငြိမ်မှုကို ဖြိုခွင်းဖို့ ကြိုးစားတဲ့အနေနဲ့ အဓိကရုန်း နှိမ်နင်းရေး ရဲတွေက ငရုတ်ကောင်းရေနဲ့ ပက်ခဲ့ပြီး မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်နှိမ်နင်းခဲ့တာပါ။

ပထမဆုံး မျက်ရည်ယိုဓာတ်ငွေ့ ထွက်လာတာနဲ့ သူ့မှာ ညှိနှိုင်းဆွေးနွေးဖို့ ရည်ရွယ်ချက်မရှိဘူး ဆိုတာ ပြလိုက်တာပဲ။ အခုတော့ လုပ်စရာ တခုတည်းက သူရာထူးက ဆင်းပေးဖို့ပဲလို့ ဆန္ဒပြပွဲစီစဉ်သူ ချန်ကင်းမန်က ပြောပါတယ်။

Occupy central လို့ နာမည်ပေးထားတဲ့ ဟောင်ကောင်မြို့လယ်ကို သိမ်းပိုက်ဆန္ဒပြမှုကို ကျောင်းသားတွေ ခေါင်းဆောင်ခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့က စတင်ခဲ့တာပါ။

၂၀၁၇ ရွေးကောက်ပွဲအတွက် မဲပေးသူတွေရဲ့ ရွေးချယ်ခွင့်ကို ကန့်သတ်မယ့် တရုတ်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဒေါသထွက်လို့ ဆန္ဒပြတာလည်း ဖြစ်ပါတယ်။

ပီကင်းအစိုးရကို လိုလားတဲ့အစိုးရကို ဖိအားပေးဖို့ မြို့တွင်း နယ်မြေသစ်တွေကိုပါ ဆန္ဒပြပွဲတွေ ဖြန့်ကျက်လာနေပါတယ်။

ဒီဆန္ဒပြပွဲကြောင့် ဘဏ်တွေကနေ ကျောက်မျက်ကုန်သည်တွေထိ စုံလင်တဲ့ အာရှရဲ့ ဘဏ္ဍာရေးအချက်အချာ လမ်းဆုံတွေ ပိတ်ဆို့ ကုန်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ