Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 14, 2014

ဟောင်ကောင်ဆန္ဒပြသူတွေနဲ့ အစိုးရလိုလားသူတွေအကြား ရုန်းရင်းဆံခတ်ဖြစ်

Hong Kong မြို့လည်မှာ သီတင်းပတ်အတော်ကြာ ဒီမိုကရေစီအရေးဆန္ဒပြနေခဲ့ကြသူတွေနဲ့ မျက်နှာဖုံးတပ်ဆင်ထားသူ တချို့အပါအဝင် လူ ရာဂဏန်းတို့ကြား ဒီကနေ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြကြသူတွေ ပြုလုပ်ထားတဲ့ အရံအတားတွေကို ဖြုတ်ချဖို့ တချို့က ဒီကနေ့ လုပ်ဆောင်ခဲ့ပြီး ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ပါတယ်။ အငှားကားမောင်းသူတွေကလည်း ကားဟွန်းတွေ တီး၊ ဆန္ဒပြသူတွေကို အော်ဟစ်ပြီး သူတို့ မကျေနပ်ဘူးဆိုတာ ပြသခဲ့ပါတယ်။ ဆန္ဒပြသူတွေနေရာယူထားတဲ့ သပိတ်စခန်းအစွန်မှာတော့ ရဲတွေက တချို့အရံအတားတွေကို ဖယ်ရှားပြီး ယာဉ်ကြောပိတ်ဆို့မှု သက်သာအောင် လုပ်ဆောင်ခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းသားအများစုဖြစ်တဲ့ ဆန္ဒပြသူတွေက စက်တင်ဘာလကုန်မှာ စတင် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး Hong Kong အုပ်ချုပ်ရေးမှူး ရာထူးက နှုတ်ထွက်ပေးဖို့  တရုတ်အစိုးရရဲ့ ကန့်သတ်ချက်တွေ မပါပဲ ခေါင်းဆောင်တဦးကို Hong Kong လူထု မဲပေးရွေးချယ်ခွင့်ပြုဖို့ တောင်းဆိုတာပါ။  ဟောင်ကောင် အုပ်ချုပ်ရေးမှူး Leung Chun-ying (le-on) ကတော့ သူရာထူးက ဆင်းပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။



မျက်နှာဖုံးအုပ်ထားသူတွေက စီးပွားရေးအချက်အခြာကျတဲ့ အဓိက လမ်ူတွေပေါ်က အတားအဆီးတွေကို ဖယ်ရှားဖို့ ကြိုးစားစဉ်။ (အောက်တိုဘာ ၁၃၊ ၂၀၁၄)


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ