Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 14, 2014

တာလီဘန်လက်ချက်နဲ့ အာဖဂန်လုံခြုံရေးအရာရှိ ၂၂ ဦး သေဆုံး

Afghanistan နိုင်ငံမှာ Taliban အကြမ်းဖက်သမားတွေ ခြုံခိုတိုက်ခိုက်လို့  ရဲအရာရှိ ၂၂ ဦး သေဆုံးပြီး နောက်ထပ် ၈ ဦး ဒဏ်ရာရရှိသွားတယ်လို့ နိုင်ငံမြောက်ပိုင်းက ဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ ရဲတွေက Sar-e-Pul Kabul ပြည်နယ်မှာ သွားလာနေတုန်း တိုက်ခိုက်ခံရတာပါ။

အစောပိုင်းတုန်းကလည်း Kabul မြို့တော်မှာ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ NATO ရဲ့ ယာဉ်တန်းကို အသေခံကားဗုံးခွဲ တိုက်ခိုက်ခဲ့လို့ အရပ်သား တဦးသေဆုံးပြီး နောက်ထပ် ၃ ဦးလည်း ဒဏ်ရာရရှိသွားပါတယ်။ Jalalabad မြို့်ဖက်ထွက်တဲ့ လမ်းမကြီးပေါ်က NATO တပ်ဖွဲ့ဝင်တွေရဲ့ အိမ်ရာနားမှာ ဒီကနေ့မနက်ပဲ တိုက်ခိုက်မှု ဖြစ်ပွားတာပါ။ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်တာ သူတို့ဖြစ်ကြောင်း Taliban တို့က ချက်ချင်းပြောလာပေမဲ့ Sar-e-Pul ပြည်နယ်က တိုက်ခိုက်မှုနဲ့ ပတ်သတ်ပြီးတော့ ဘာမှ မပြောပါဘူး။

Afghanistan နိုင်ငံမှာက NATO တပ်ဖွဲ့ဝင်တွေ ထောင်သောင်းချီတပ်စွဲထားတာပါ။ ဒီနှစ်ကုန်မှာ Afghanistan နိုင်ငံကနေ NATO တပ်တွေ ရုပ်သိမ်းဖို့ ဖြစ်ပေမဲ့ အဲဒီနောက်မှာတော့ အမေရိကန် တပ်သား တသောင်းနီးပါးပဲ တိုက်ခိုက်ရေးပိုင်းမဟုတ်တဲ့ လုပ်ငန်းတွေအတွက် Afghanistan နိုင်ငံထဲမှာ ကျန်ခဲ့မှာ ဖြစ်ပါတယ်။

အသေခံကားဗုံးခွဲ တိုက်ခိုက်တဲ့နေရာမှာ ရောက်ရှိနေကြတဲ့ အမေရိကန်နဲ့ အာဖဂန် လုံခြုံရေးတပ်ဖွဲ့များ။ (အောက်တိုဘာ ၁၃၊ ၂၀၁၄)


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ