Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 9, 2014

စစ်သွေးကြွဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် တူရကီအစိုးရက ပြည်နယ်ငါးခုတွင် ညမထွက်ရအမိန့် ထုတ်ပြန်

အန်ကာရာ ၊ ၉-၁၀-၂၀၁၄

တူရကီနိုင်ငံတွင် ISIS စစ်သွေးကြွ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့ရာမှ ပြည်သူ ၁၂ ဦး သေဆုံး ခဲ့ပြီးနောက် အစိုးရက နိုင်ငံအတွင်းရှိ ပြည်နယ် ငါးခုတွင် ညမထွက်ရ အမိန့်ကို ထုတ်ပြန် ခဲ့ကြောင်း ဒိုဂန် သတင်း အေဂျင်စီ က ယမန်နေ့တွင် ထုတ်ပြန် ခဲ့သည်။

တူရကီ အစိုးရသည် ညမထွက်ရ အမိန့်ကို နိုင်ငံ အရှေ့ တောင်ပိုင်း ပြည်နယ်များ ဖြစ်သည့် မာဒင်၊ ဗန်၊ ဆာ့တ်၊ ဘတ်မန်း နှင့် ဒီယာဘာကီယာ ပြည်နယ်များ အတွင်း ထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး အစိုးရ၏ လုပ်ဆောင်ချက် မှာ ကိုဘာနီမြို့ ကို တိုက်ခိုက်လျက် ရှိသည့် စစ်သွေးကြွ ဆန့်ကျင်ရေး ဆန္ဒပြမှု များကို လူစုခွဲရန် အတွက် ဖြစ်သည်။

ထို့ပြင် ဒီယာဘာကီယာ ပြည်နယ် အတွင်းရှိ စာသင်ကျောင်း များ ကိုလည်း ယမန်နေ့တွင် ပိတ်ပစ် ခဲ့ရကြောင်း သိရသည်။ တူရကီနိုင်ငံတွင် အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် ဆန္ဒပြသူများ အကြား အောက်တိုဘာ ၇ ရက်မှ စတင်၍ အဓိကရုဏ်း များ ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ဆီးရီးယား နိုင်ငံ အတွင်းရှိ ကာ့ဒ် တိုက်ခိုက်ရေး သမားများကို ဆန္ဒပြ သူများက ISIS စစ်သွေးကြွ များ တိုက်ခိုက်ရာတွင် ပါဝင် ကူညီသင့်ကြောင်း တောင်းဆို ခဲ့သည်။ ထို့အတူ ဆန္ဒပြ သူများသည် စစ်သွေးကြွ များက တူရကီနယ်စပ် ရှိ ကိုဘာနီမြို့ ကို တိုက်ခိုက် နေခြင်းအပေါ် တုံ့ပြန်နိုင်ခြင်း မရှိသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍လည်း ကန့်ကွက် ထားကြောင်း သိရသည်။

အမေရိကန် အစိုးရသည် အဆိုပါ စစ်သွေးကြွ များကို တိုက်ခိုက် ချေမှုန်းနိုင်ရန် အတွက် နယ်စပ် ဖြတ်ကျော်ရေး စစ်ဆင်မှု များကို ပြုလုပ်နေသည့် အမေရိကန် တပ်ဖွဲ့များကို အကူအညီ ပေးအပ်ရန် အမေရိကန် အစိုးရက တူရကီ နိုင်ငံကို တောင်းဆို ထားကြောင်း လည်း သိရှိရသည်။



ISIS စစ်သွေးကြွများအား တိုက်ခိုက်လျက် ရှိသည့် ကာ့ဒ်တပ်ဖွဲ့ဝင်များအား
ကူညီတိုက်ခိုက်ရန် တူရကီအစိုးရအား ဆန္ဒပြ တောင်းဆိုသည့် ဒေသခံများ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ