Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 9, 2014

Kurdishဆန္ဒပြသူနဲ့ တူရကီရဲအကြား ပဋိပက္ခဖြစ်၊ ၂၀ ကျော်သေ

တူရကီနိုင်ငံမှာ ​ဆန္ဒပြနေကြတဲ့ ​Kurdish ​လူမျိုးတွေနဲ့ ​တူရကီရဲတွေအကြား ​ပဋိပက္ခ ​ဖြစ်ပွားခဲ့ရာက ​အနည်းဆုံး ​လူ ​၂၁ ​ယောက် ​သေဆုံးခဲ့ရပါတယ်။

ဆီးရီးယားနိုင်ငံက ​Kurdish ​လူမျိုးတွေနေထိုင်တဲ့ ​ကိုဘာနီမြို့ကို ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေ ​ဝင်ရောက်တိုက်ခိုက်တာကို ​အိမ်နီးချင်း ​တူရကီအစိုးရက ​အကာအကွယ် ​မပေးတဲ့အပေါ် ​ဆန္ဒပြကြရာက ​လုံထိန်းရဲတွေနဲ့ ​ပဋိပက္ခဖြစ်ပြီး ​သေဆုံးခဲ့ရတာပါ။

တူရကီနိုင်ငံမှာ ​နေထိုင်ကြတဲ့ ​Kurdish ​လူမျိုးတွေက ​ကိုဘာနီမြို့ကို ​ကာကွယ်ပေးဖို့ ​တူရကီကို ​တောင်းဆိုတဲ့အနေနဲ့ ​Kurdish ​လူမျိုးတွေ ​နေထိုင်မှုများတဲ့ ​တူရကီ ​အရှေ့တောင်ပိုင်း၊ ​မြို့တော် ​အီစတန်ဘူလ်နဲ့ ​အန်ကာရာ ​မြို့တွေမှာ ​ဆန္ဒပြကြရာက ​ရဲတွေက ​မျက်ရည်ယှိုဗုံးတွေ၊ ​မီးသတ်ပိုက်တွေနဲ့ ​လူစုခွဲရာက ​ပဋိပက္ခဖြစ်ပွားခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီလို ​ဖြစ်ပေါ်ပြီးနောက် ​ပြည်နယ်တချို့မှာ ​ကာဖြူးအမိန့်ချထားလိုက်ပါတယ်။

IS ​တပ်ဖွဲ့ရဲ့ ​လက်ထဲ ​ကိုဘာနီ ​မကျရောက်အောင် ​Kurdish ​တပ်တွေနဲ့ ​အမေရိကန် ​ဦးဆောင်တဲ့ ​မဟာမိတ်အဖွဲ့တွေက ​ကြိုးစားနေပြီး ​တူရကီနိုင်ငံကပါ ​ပါဝင်ဖို့ ​ဖိတ်ခေါ်ထားပါတယ်။

တူရကီကတော့ ​ဆီးရီးယားနိုင်ငံအတွင်းက ​ဆူနီမွတ်စလင် ​စစ်သွေးကြွအပါအဝင် ​သမ္မတ ​Bashar ​al-Assad ​ကိုပါ ​တိုက်ခိုက်ဖို့ ​အမေရိကန် ​သဘောတူမှသာ ​ပါဝင်နိုင်မယ်လို့ ​ပြောနေပါတယ်။

အမေရိကန်က ​မနေ့တုန်းက ​ကိုဘာနီမြို့မှာ ​ထိုးစစ်ဆင် ​တိုးမြှင့်လုပ်ဆောင်ခဲ့တဲ့အတွက် ​IS ​စစ်သွေးကြွဖက်က ​ထိုးစစ်ဆင်မှုတွေ ​ကျဆင်းလာပြီး ​တချို့နေရာမှာဆိုရင် ​IS ​ဘက်က ​တိုက်ခိုက်မှုတွေ ​ရပ်တန့်လိုက်တဲ့အထိ ​ဖြစ်ခဲ့တယ်လို့ ​အေဘီစီ ​သတင်းထောက် ​Hayden ​Cooper ​က ​ပြောပါတယ်။



ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ အသုံးပြုပြီး လူစုခွဲ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ