Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 5, 2014

ရာသီဥတုကြောင့် ပျောက် ဆုံး တောင်တက်သမား ၂ ဦး ရှာဖွေရေး ယာယီရပ်ဆိုင်း

ခါကာဘိုရာဇီ ရေခဲတောင်ကနေ ပြန်အဆင်းမှာ အခြေ စိုက်စခန်းနဲ့ အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေတဲ့ သဘာဝခေါ်သံဖောင်ဒေးရှင်းက အဖွဲ့ဝင် ၂ ယောက် ရှာဖွေမှုတွေကို ယာယီ ရပ်နားလိုက်ကြောင်း ထူးဖောင်ဒေးရှင်း တာဝန်ရှိသူတွေက ပြောကြားလိုက် ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ ကန်တော်ကြီးပဲလေ့(စ်) ဟိုတယ်မှာ မနေ့က ကျင်းပတဲ့ ခါကာဘိုရာဇီရေခဲတောင်မှာ ပျောက်ဆုံးနေသူတွေကို ရှာဖွေမှုအတွေ့အကြုံရှင်းလင်းပွဲမှာ ထူးဖောင်ဒေးရှင်း ပြန် ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုက ပြောကြားခဲ့တာပါ။

"ရာသီဥတု ရေခဲတောင်ရဲ့အခြေအနေ နောက် ပြီးတော့ ရှာဖွေရေးက ၁ လ နည်းပါးကြလာတဲ့ အခါကျတော့ ကျနော်တို့အသုံးပြုတဲ့ ရှာဖွေရေး ရဟတ်ယာဉ်တွေ ပစ္စည်းကိရိယာတွေ အဲ့ဒါတွေကို ကျနော်တို့ မနားပေးရမယ့်အပိုင်းတွေရှိတဲ့အတွက် ခေတ္တယာယီ ရပ်ဆိုင်းမယ်လို့ Page ပေါ်မှာတင်ထားပါ တယ်၊ ဘယ်နေ့ဘယ်ရက်ဆိုပြီးလို့တော့ ကျနော်တို့ တိတိကျကျမထုတ်ပြန်နိုင်သေးဘူး တကယ်လို့ သိရင်တော့ ကျနော်တရားထုတ်ပြန်သွားမှာပါ"

တက္ကသိုလ် ခြေလျင်နှင့်တောင်တက်အသင်း (သဘာဝခေါ်သံဖောင်ဒေးရှင်း) က အဖွဲ့ဝင် ၂ ဦးဖြစ်တဲ့ ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့ဟာ သြဂုတ်လ ၃၁ ရက်နေ့က အရှေ့တောင်အာရှမှာ အမြင့်ဆုံးဖြစ်တဲ့ ခါကာဘိုရာဇီ တောင်ထိပ်ကနေ ပြန်အဆင်းမှာ အဆက်အသွယ်ပျက်တောက်ပြီး ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

အီတလီနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ဟာ ခါကာဘိုရာဇီရေခဲတောင်ရဲ့ အမြင့်ပေ ၁၆ဝဝဝ အထိ ရဟတ်ယာဉ်နဲ့ သွားရောက် ရှာဖွေခဲ့ကြပြီး ရာသီဥတုဆိုးရွားတဲ့အတွက် ဆက်လက်မရှာဖွေ နိုင်ခဲ့ကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦး ရှာဖွေရေးလုပ်ငန်းတွေကို အမေရိကန်၊ အီတလီ၊ နိပေါ၊ ဂျပန်နဲ့ တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ ထူးဖောင်ရှင်းကပူပေါင်းပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အဲ့ဒီတောင်တက်သမား ၂ ဦးကိုရာသီဥတုအကောင်းဆုံးအချိန်တွေဖြစ်တဲ့ လာမယ့် နိုဝင်ဘာနဲ့ မေလတွေမှာဆက်လက် ရှာဖွေဖို့ ဒီအီတလီကယ်ဆယ်ရေးအဖွဲ့က ထူးဖောင်ဒေးရှင်းကို အကြံပြုခဲ့တယ်လို့လည်း သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ