ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 18, 2014

နောက်ကြောင်းပြန်လှည့်တဲ့ကိစ္စတွေ အရေးယူဖြေရှင်းဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ လူ့အခွင့်ရေး အခြေနေတွေကို အများကြီး ပြောင်းလဲသွားတာကို အသိမှတ်ပြု ချီးကျူးရမှာဖြစ်ပေမယ့် နောက်ကြောင်းပြန်လှည့်နေတဲ့ အရိပ်လက္ခဏာတွေကို မဖြေရှင်းခဲ့ရင် ရပြီးသားရလာဒ်တွေကိုပါ ထိခိုက်စေနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြေကြားလိုက်ပါတယ်။

မနေ့က ကုလသမဂ္ဂက ကြိုတင်ဖြန့်ဝေတဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာမူကြမ်းမှာ အခုလိုဖော်ပြထားတာဖြစ်ပြီး မြန်မာအစိုးရကလိုလားနေတဲ့ နိုင်ငံတကာအသိုင်းဝိုင်းမှာ လေးစားရတဲ့ နိုင်ငံတစ်ခုဖြစ်လာဖို့အရေးမှာ ဒီနောက်ပြန်ဆွဲနေတဲ့ ကိစ္စရပ်တွေကို အချိန်မှီဖြေရှင်းသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ အသွင်ကူးပြောင်းရေးကာလမှာ လူ့အခွင့်အရေး ကိစ္စဟာ အခြေခံဥပဒေပြုပြင်ရေး၊ ဥပဒေပြုရေးနဲ့ နိုင်ငံ့မူဝါဒချမှတ်ရေးတွေမှာပါ အရေးကြီးတဲ့ ကဏ္ဍကနေပါဝင်သင့် တယ်လို့လည်း တိုက်တွန်းထားပါတယ်။

တိုက်တွန်းချက်တွေထဲမှာ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ လွတ်လပ်စွာရပ်တည်သဘောထား ဖော်ထုတ်နိုင်ခွင့်၊ မီဒီယာပြဿနာတွေကို စာနယ်ဇင်းကောင်စီ ယာယီကနေတဆင့်ဖြေရှင်းဖို့၊ လယ်သမားအရေးလူ့အခွင့်ရေး လုပ်ဆောင်သူတွေကိုအကာကွယ်ပေးဖို့၊ လက်ကျန်နိုင်ငံရေး အကျဉ်းသားတွေလွှတ်ပေးဖို့၊ ပဋိပက္ခဖြစ်တဲ့ဒေသတွေမှာ အစိုးရအာဏာပိုင်တွေရဲ့ သဘောထားတစ်ခုထဲမဖြေရှင်းဘဲ အရပ်ဖက်အဖွဲ့တွေနဲ့ညှိနှိုင်းဖို့၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်များအရေး ဖြေရှင်းဖို့၊ တရားဥပဒေစိုးမိုးရေး အစိုးရနဲ့ လွှတ်တော်ပူးပေါင်းဆောင်ရွက်ဖို့ စတာတွေပါဝင်ပါတယ်။

ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ဆက်လက်လုပ်ဆောင်ဖို့နဲ့ စိန်ခေါ်မှုတွေ ဖြေရှင်းရေးမှာ နိုင်ငံတကာက အားပေးတိုက်တွန်းမှုလိုအပ်တယ်လို့လည်း မှတ်ချက်ချထားပါတယ်။

ဒီအစီရင်ခံစာကို အောက်တိုဘာ ၂၈ ရက်မှာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ကိုယ်တိုင် တင်ပြမယ်လို့ သိရပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ