ထိုင်းနိုင်ငံ တောင်ပိုင်း ကော့တောင်ကျွန်း လူသတ်မှုကို သီးခြား စုံစမ်း
စစ်ဆေးပေးဖို့ ဗြိတိသျှ အစိုးရကို ဗြိတိန်နဲ့ ထိုင်းနိုင်ငံက
ပြည်သူတွေအပါအဝင် ကမ္ဘာတဝှမ်းက တောင်းဆိုထားတဲ့ လက်မှတ် တသိန်းကို
နိုင်ငံရေး လှုပ်ရှားသူ မြန်မာတွေ ဦးဆောင်ပြီး ဒီကနေ့မှာ နံပတ် ၁၀
ဒေါင်းနင်းလမ်းမှာရှိတဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ရုံးကို သွားရောက်
ပေးအပ်ခဲ့ကြပါတယ်။
ကော့တောင်ကျွန်း လူသတ်မှုနဲ့ ပတ်သက်လို့ ထိုင်းရဲတွေရဲ့ စုံစမ်း
စစ်ဆေးမှုတွေဟာ တိကျ ခိုင်မာမှု မရှိဘူးလို့ အများက ယူဆနေကြတဲ့အတွက် သီးခြား
စုံစမ်း စစ်ဆေးပေးဖို့ ဗြိတိသျှ အစိုးရကို online ကနေ အခုလို
လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြတာပါ။
လက်မှတ်တွေ ပေးအပ်အပြီးမှာ ဗြိတိန် နိုင်ငံခြားရေး ရုံးရှေ့မှာလည်း ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
ကော့တောင်ကျွန်း လူသတ်မှုကို ထိုင်းရဲတွေက တရားရုံးထံ တင်ပြခဲ့ရာမှာ
တရားစွဲဖို့ အထိ လုံလောက်တဲ့ အချက် အလက် မပြည့် စုံဘူး ဆိုပြီး တရားရုံးက
ပယ်ချခဲ့ပါတယ်။
 |
| ဗြိတိသျှ ကမ္ဘာလှည့် ခရီးသည် နှစ်ဦးကို မြန်မာ အလုပ်သမားတွေ သတ်တာလို့ ထိုင်းရဲက စွပ်စွဲ |
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment